Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲ

ပေါက်ကွဲမှုတွေဟာ မနေ့က ဖေဖော်ဝါရီ ၇ ရက် ည ၈ နာ ရီကျော်ကစပြီး ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆို ရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘော လုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ - CJ)

▪️တပ်မ (၇၇)ရှေ့အပါအဝင် နေရာခြောက်ခုထက်မနည်းပေါက်ကွဲမှုဖြစ်

ပဲခူးမြို့မှာ မနေ့ကညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုတွေဟာ မနေ့က ဖေဖော်ဝါရီ ၇ ရက် ည ၈ နာ ရီကျော်ကစပြီး ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆို ရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘော လုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ အခုနောက်ပိုင်း လမ်းမတွေပေါ်မှာ စစ်ဆေးရေးတွေအရမ်များနေတာ။ ညကဆို အိမ်တွေအကုန် မီးပိတ်ပြီး အိပ်ကြတာ။ ငြိမ်ဆေးကျွေးလိုက်သလိုပဲ” လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၄ နာရီ ၄၇ မိနစ်နဲ့ ၄ နာရီ ၄၈ မိနစ်တွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်မ(၇၇)နား ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပါဘူး။

(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ - CJ)
(ပဲခူးမြို့မှာ ယမန်နေ့(ဖေဖော်ဝါရီ ၇)ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုမှ အပျက်အစီးအချို့အားတွေ့ရစဥ် ၊ဓာတ်ပုံ – CJ)

ပဲခူးမြို့ ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးတိုက်ခိုက်မှုတွေထဲက အစိပ်အပိုင်းတွေဖြစ်ပြီး အသေးစိပ်အခြေအနေတွေကိုတော့ ထုတ်မပြောနိုင်သေးဘူးလို့ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ရေးတိုက်ခိုက်မှုမှာပါဝင်တဲ့ တော်လှန် ရေးရဲဘော်တွေကတော့ Mission ပြီးမြောက်လို့ လုံခြုံဘေးကင်းတဲ့နေရာပြန်ရောက်နေပြီဖြစ်ပြီး တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိပ်ထုတ်ပြန်လိမ့်မယ်လို့ ပဲခူး(ပ.က.ဖ)နဲ့ နီးစပ်သူက ဆိုပါတယ်။

You May Also Like

သတင်း

ပဲခူးမြို့ ရွှေမောဓောဘုရားပွဲကိုစစ်ကောင်စီက ဦးစီး၍ပြုလုပ်နေခြင်းဖြစ်ပြီး မတ်လ ၂၀ ရက်မှ စတင်ကာ ဧပြီလဆန်းပိုင်းအထိ ပြုလုပ်မည်ဟုသိရသည်။

သတင်း

ရန်ကုန်-သန်လျင် ဆက်သွယ်ထားသည့် တံတားနှစ်စင်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် ခရီးသည်တင်ယာဥ်များနှင့် အခြားယာဥ်အများအပြား တံတားများအား ဖြတ်သန်း၍မရဘဲ ယာဥ်ကြောများ ပိတ်ဆို့လျှက်ရှိသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှုအပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ ကမ်းနားလမ်း၊ အထက် ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်းတို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သတင်း

မတ်လ ၂၂ ရက် နေ့လည် ၁နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သားအားလုံးဘေးကင်းကြောင်း ဆိုသည်။