Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲကြမ်းနေတဲ့ မုံရွာမှာ ဘုရားကြီးပွဲကျင်းပဖို့ စီစဥ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ကိုဗစ်ကာလမတိုင်မီက မုံရွာ ဘုရားကြီးပွဲ ကျင်းပရန် ပြင်ဆင်ခဲ့စဥ်။ ဓါတ်ပုံ-CJ)

စက်တင်ဘာ ၁၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့က အထင်ကရ မုံရွာဘုရားကြီးပွဲတော်ကို ကိုဗစ်ကာလကတည်းက ရပ်နားခဲ့ရာ အာဏာသိမ်းကာလတလျှောက်မှာလည်း ကျင်းပခဲ့ခြင်းမရှိကြောင်း၊ ဒါပေမယ့် အာဏာသိမ်းစစ်တပ်က လာမယ့် သီတင်းကျွတ်လ၊ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ၁၀ ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်ရှိ မုံရွာမြို့ပေါ်က လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေပြီး ကျောင်းသားလူငယ်တွေကအစ ပေါ်တာဆွဲခံနေရကြောင်း၊ မနှစ်က သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ကာလတွေ၊ နှစ်သစ်ကူးကာလတွေမှာလည်း အာဏာသိမ်းစစ်တပ်က ပွဲတော်တွေ ပြုလုပ်ပြီး ပေါ်တာဆွဲခဲ့တာကြောင့် ယခုဘုရားကြီးပွဲမှာလည်း ပေါ်တာဆွဲမှာကို စိုးရိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တအားကို ဆွဲနေလို့ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူး”လို့ မုံရွာမြို့က အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ ဖမ်းဆီးရမိတဲ့လူငယ်တွေကို ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တောင်းယူကာ ပြန်လည်ရွေးခိုင်းနေပြီး မပေးနိုင်သူတွေကိုတော့ စစ်မှုထမ်းထဲ ထည့်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဘုရားကြီးပွဲတော်ကို စည်ကားစေဖို့အတွက် လာဖွင့်မယ့်စျေးသည်တွေကို ဆိုင်ခန်းခမယူဘဲ အခမဲ့ဖွင့်ခွင့်ပေးမယ်ဆိုပြီး ဘုရားဂေါပကအဖွဲ့က ကြေညာထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်အေးချမ်းနေသယောင် ပုံရိပ်ကို တည်ဆောက်ဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးတွေမှာ ပွဲလမ်းသဘင် ဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်စေဖို့ အားပေးနေပါတယ်။

ဆက်စပ်သတင်းများ

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။