Connect with us

Hi, what are you looking for?

သတင်း

ဟားခါး၌ မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု စစ်ကောင်စီဝန်ထမ်းများအား သတိပေး

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဟားခါးမြို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ချင်းပြည်နယ် ဟားခါးမြို့ပေါ်၌ လျှပ်စစ်မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုများကို နှောက်ယှက်ခြင်းပြုလုပ်ပါက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ လျှပ်စစ်ဝန်ထမ်းများမှ မီတာခ ကောက်ခံခြင်းအားဖြင့် သော်လည်းကောင်း ပြည်သူလူထုထံ လာရောက်နှောက် ယှက်ခြင်း ပြုလုပ်မှုများ တွေ့ရှိရပါက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီမှ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးပြည်သူလူထုထံ အသိပေးအကြောင်းကြားအပ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်တပ်မှ ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံတွင် ဥပဒေအားလုံးသည် ပျက်ပျယ်သွားသည်ဟုခံယူကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တော်လှန်ရေးကာလအတွင်း ကျင့်သုံးရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများအား တိတိကျကျ သတ်မှတ်ထားရှိရကြောင်း၊ ထိုဥပဒေ လုပ်ထုံးလုပ်နည်းအရ ဟားခါးမြို့ပေါ်ရှိ ပြည်သူများက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီ၏ အသိပေး အကြောင်းကြားခြင်းမပါရှိဘဲ မည်သည့် အခွန်အခများကိုမှ ပေးသွင်းရန် မလိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်မှဖွဲ့စည်းထားသည့် စစ်ကောင်စီ အစိုးရလက်အောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထုထံ လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်မှုမရှိစေရန်နှင့် မိတာခကို လုံး၀ ပေးသွင်းခြင်းမပြုလုပ်ရန်လည်း အသိပေးကြေညာခဲ့သည်။

ဟားခါးတွင် ချင်းဒေသကာကွယ်ရေးတပ်(CDF) နှင့် ချင်းအမျိုးသားတပ်မတော်(CNA) တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။