Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းနဲ့ကရင်ပြည်နယ် အစပ် မှာ တိုက်ပွဲဖြစ်ပွား

လိပ်သိုဒေသဟာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲ့ တပ်မဟာ ၂ နယ်မြေထဲပါပါတယ်။

ပဲခူးတိုင်းနဲ့ကရင်ပြည်နယ် အစပ် မှာ တိုက်ပွဲဖြစ်ပွား
ပဲခူးတိုင်းနဲ့ကရင်ပြည်နယ် အစပ် မှာ တိုက်ပွဲဖြစ်ပွား

ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ လိပ်သို ဒေသမှာ မနေ့က မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

လိပ်သိုဒေသဟာ ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲ့ တပ်မဟာ ၂ နယ်မြေထဲပါပါတယ်။

မနေ့က စစ်ကောင်စီနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ KNLA နဲ့အတူ PDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

လိပ်သိုမြို့ ၊ဗဟုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်တာဖြစ်ပြီး စခန်းမကျအောင် စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လိပ်သိုကနေ တောင်ငူကိုဆက်သွယ်ထားတဲ့ လမ်းကြောင်း ပေါ်က ထုံးဘိုကြီးရွာ တဝိုက်မှာမနေ့က မနက်ပိုင်းမှာတင်တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။

ဒေသတွင်းစစ်ရေးရှုပ်ထွေးနေတဲ့အတွက် ကရင်ပြည်နယ် လိပ်သိုကနေ ပဲခူးတိုင်း တောင်ငူဘက်ကို သွားလာတာတွေမလုပ်ကြဖို့လည်း လိပ်သိုဒေသခံတွေကပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။