ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၁) နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁ရက်မှ ၂၀ရက်အထိ တိုက်ပွဲ ၄၅ကြိမ်ဖြစ်ပွားခံဟု KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီ ဘက်မှ ၃၅ဦးသေဆုံးပြီး ၅၁ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ တိုက်ပွဲ၌ KNDO တပ်မှ ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ ဖော်ပြမထားပေ။
သံလွင်မြစ်ကမ်းနား ရှိအာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို KNU လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO တို့ မှ တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ ကျရှုံး သွားသည့် တပ်စခန်းများကို စစ်ကောင်စီဘက်မှ ပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီး၏ ပြောကြားချက်ကို KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
KNU/KNLA ခရိုင်/တပ်မဟာ တိုင်း၌ KNDO တပ်ရင်းများ ရှိသည်ဟုဆိုသည်။ စက်တင်ဘာ ၉ရက်က ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ရာတွင် KNDO၊ KNLA တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်တပ်အဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ ၆ခု၏ နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။


















































