Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ကျဆုံးရဲဘော်ဝဿန်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်

ရဲဘော်ဝဿနသည် ပြီးခဲ့သည့် ဧပြီ ၂ရက် ညနေ၃နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း၌ ရန်သူစစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - PRF
ဓာတ်ပုံ - PRF

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ဗကသကျောင်းသား အသက် (၂၀) အရွယ် ရဲဘော်ဝဿန်အတွက် ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလေးပြုခြင်းကို ယနေ့ (ဧပြီ ၄)နံနက် ပခုက္ကူလှုပ်ရှားစစ်ဒေသ၌ ပြုလုပ်ခဲ့သည်။

ရဲဘော်ဝဿနသည် ပြီးခဲ့သည့် ဧပြီ ၂ရက် ညနေ၃နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်း၌ ရန်သူစစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - PRF
ဓာတ်ပုံ – PRF

တပ်ဦး၏တာဝန်ရှိသူများ၊ မဟာမိတ်အဖွဲ့စည်းတချို့နှင့် ပခုက္ကူလှုပ်ရှား စစ်ဒေသမှ တပ်သားရဲဘော်တို့ တက်ရောက်ခဲ့ကြပြီး ရဲဘော်ဝဿန်ကို ဂုဏ်ပြုဦးညွှတ်ခဲ့ကြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဝမ်းနည်းခြင်းအဖြစ် တပ်ဦးအလံတော်တဝက်ချခြင်း၊ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - PRF
ဓာတ်ပုံ – PRF

လူထုဒီမိုကရေစီတိုက်ပွဲလမ်းခုလတ်တွင် ရဲဝံ့စွာတိုက်ပွဲဝင်ရင်း ကြွေလွင့်ကျဆုံးသွားသည့် ရဲဘော်ဝဿန် ကဲ့သို့သော ကြေကွဲဆုံးရှုံးမှုများအတွက် ခွန်အားသစ်လောင်းကာ မပြီးပြတ်သေးသော လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် ဆင်နွှဲသွားကြရန်နှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့အတွက် ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို တတ်စွမ်းသမျှ ဆက်လက်တော်လှန်သွားကြရန် တပ်ဦး၏တာဝန်ရှိသူက ယင်းအခမ်းနား၌ ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။