Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် ‌ကြောင်လည်ရွာအနီး စစ်ကောင်စီက ညသန်းခေါင် လေကြောင်းမှ ဗုံးကြဲ

ဧပြီ ၈ရက် ည ၁၂နာရီတွင် ကြောင်လည်ရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေ မသိရသေးကြောင်း ဖော်ပြသည်။

(၂၀၂၂ နှစ်ကုန်ပိုင်းက ကြောင်လည်ရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ နှစ်ကုန်ပိုင်းက ကြောင်လည်ရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ယမန်နေ့ညသန်းခေါင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolutionက အသိပေးသည်။

ဧပြီ ၈ရက် ည ၁၂နာရီတွင် ကြောင်လည်ရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေ မသိရသေးကြောင်း ဖော်ပြသည်။

၂၀၂၂ နှစ်ကုန်ပိုင်းကလည်းကြောင်လည်ရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

ထို့ပြင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့သည် မတ္တရာရွှေမော်ကို မီးရှို့သွားကြောင်း၊ ဒေသခံ ပြည်သူများလည်း ထွက်ပြေးနေရကြောင်း Banmauk Revolutionက ယနေ့ ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့နယ်အတွင်း လတ်တလော စစ်ရေးအခြေ အနေဖော်ပြနိုင်ရေးအတွက် စုံစမ်းနေဆဲဖြစ်သည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းကမူ ဗန်းမောက် ပင်ဟင်းခါး ရွာ၊ ရွှေကျောင်းရွာ၊ အလယ်ရွာ ကံရွာများအနီး တိုက်ပွဲ သုံးဆက်ရက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဗန်းမောက်နှင့် ဆက်စပ်နေသည့် အင်းတော်မြို့နယ်တွင်လည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဧပြီ ၆ရက်နှင့် ၇ ရက်တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ယမန်နေ့တွင် People’s Spring သတင်းဌာနသို့ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ