Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်မြို့နယ်ကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

အင်းတော်၊ ဗန်းမောက်ဒေသများ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ PDF များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Banmauk Revolution)
(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Banmauk Revolution)

▪️သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသုံးဦး သေဆုံး

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း Banmauk Revolutionက ဖော်ပြသည်။

ယနေ့(မတ်လ ၂၆ရက်) နေ့လည် ၁နာရီတွင် ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီး လေယာဉ်ဖြင့် ဗုံးကြဲသွားခြင်းဖြစ်ကြောင်း၊ ယနေ့ တိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း မတ်လ ၂၄ရက် လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူ အသက်ဆုံးရှုံးမှုရှိကြောင်း အသိပေးထားသည်။

(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Banmauk Revolution)
(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ – Banmauk Revolution)

မတ်လ ၂၄ရက်ကလည်း ဗန်းမောက်မြို့နယ် နန့်နန့်ထွန်ကျေးရွာသို့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူသုံးဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသ၌ မတ်လ ၂၄ရက်မှစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ကြောင်လည်၊ နန့်နန့်ထွန်၊ ကြောက်ဆည်ကျေးရွာ စသည့် ဗန်းမောက်အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က ဒေသခံပြည်သူများအား ခြိမ်းခြောက်၍ လမ်းပြခိုင်းခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းများရှိကြောင်း Banmauk Revolutionက ဖော်ပြသည်။

အဆိုပါ အခြေအနေများကြောင့် အထူးသတိပြုနေထိုင်ကြရန်လည်း အသိပေးထားသည်။

“အထိနာ၊ ပိတ်ဆို့ခံနေရသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးများရမ်းသမ်းပစ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သောထိခိုက်မှုများအတွက် ပြင်ဆင်ဂရုပြုကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်” ဟုလည်း အသိပေးထားသည်။

ထို့အပြင် စစ်ရေးအခြေအနေကြောင့် ဗန်းမောက် – အင်းတော်လမ်းပိုင်းကိုလည်း ပိတ်ထားရာ ပြန်လည်သွားလာနိုင်မည့် အခြေအနေကို အသိပေးကြေညာသွားမည်ဟု Banmauk Revolutionက ထုတ်ပြန်ထားသည်။

(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Banmauk Revolution)
(ဗန်းမောက်မြို့နယ်ရှိ စီမော်ကျေးရွာ စစ်ကောင်စီတပ်က ၂၀၂၂အောက်တိုဘာတွင် မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ – Banmauk Revolution)

အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မတ်လ ၂၄ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ထားရာ ဒေသတွင်း၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေခြင်း၊ ပြည်သူများအား ဓားစားခံဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ်ပြုလုပ် တပ်စွဲခြင်း ရှိနေကြောင်း ဖော်ပြခဲ့သည်။ ကာကွယ်ရေးတပ်များအနေဖြင့် ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ စစ်ရေးလိုအပ်ချက်အရ အများပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် အင်းတော် – ဗန်းမောက်လမ်းကို ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ထားမည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ နန့်စီးအောင် – ကျောင်းကုန်းလမ်းအား ညပိုင်း မည်သည့်ယာဉ်မှ မသွားရန်လည်း အသိပေးထားသည်။

အင်းတော်၊ ဗန်းမောက်ဒေသများ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ PDF များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။