Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာဝန်းကျင် စစ်ကောင်စီက တောနင်းစစ်ကြောင်းထိုးနေ၍ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းတိမ်းရှောင်နေရ

စစ်ကောင်စီစစ်ကြောင်းသည် ပဇီကြီးရွာအပြင် အနီးပတ်ဝန်းကျင်ရွာများတွင်လည်း မြေပြင်ကင်းပုန်းများရှိနေသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေ၍ ဒေသခံအများအပြား ပုန်းအောင်းပြေးလွှားနေရခြင်း ဖြစ်သည်။

ပဇီကြီးရွာကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို တွေ့ရစဥ်။ဓါတ်ပုံ-CJ
ပဇီကြီးရွာကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်ပြီးနောက် အပျက်အစီးများကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ လေကြောင်းတိုက်ခိုက်ခံရသည့် ပဇီကြီးကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီက ယမန်နေ့ တစ်ညလုံးနှင့် ယနေ့နံနက်တွင် မြေပြင်တောနင်းစစ်ကြောင်းထိုးနေ၍ ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ရွာခံများမှာ ယင်းစစ်ကြောင်းမှဘေးလွတ်ရာသို့ ရွှေ့ပြောင်းတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“တစ်ညလုံး တောနင်းနေတာ။ အခုမနက်ဆို ကျွန်တော်တို့ရှိတဲ့ဘက် လာနေပြီဆိုလို့ ထပ်ပြေးနေရတယ်”ဟု မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရသော ပဇီကြီးရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပဇီကြီးရွာအပြင် အနီးပတ်ဝန်းကျင်ရွာများတွင်လည်း မြေပြင်ကင်းပုန်းများရှိနေသလို လေကြောင်းမှလည်း ခြိမ်းခြောက်နေ၍ ဒေသခံအများအပြား ပုန်းအောင်းပြေးလွှားနေရခြင်း ဖြစ်သည်။

ယမန်နေ့ နံနက်က ပဇီကြီးရွာအနီး ထန်းတောရွာမှ အသက် (၇၀)အရွယ် ဦး‌မောင်ကိုလေးနှင့် ဦးတင်မြင့်တို့ နှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားပြီး နေ့လယ် ၂နာရီခွဲတွင် ပဇီကြီးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချကာ သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်သွားကြောင်း စစ်ဘေးရှောင်များက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားများမထိခိုက်ခဲ့ကြောင်း သတင်းရရှိသော်လည်း ဒေသခံများကိုယ်တိုင် လူစုခွဲပြေးနေရ၍ အသေးစိတ်မသိရသေးသည့် အခြေအနေဖြစ်သည်။ ထို့အပြင် ပဇီကြီးရွာမှ နေအိမ်အများအပြား မီးလောင်ခဲ့သည်ဟု အဝေးမှမျက်မြင်တွေ့ရှိသော စစ်ဘေးရှောင်များက ပြောသည်။

စစ်ကောင်စီတပ်သည် ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို ယမန်နေ့(ဧပြီ၂၀ရက်) နံနက်ကစ၍ မြေပြင်မှ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။ စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တောနင်းနေ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်းသတင်းရရှိသည်။

“အခုစစ်ကြောင်းက ပစ်မှတ်တစ်ခုကို ဝင်တော့မယ်ဆို ပတ်ချာလည်က ဝိုက်ဝင်တာ။မနေ့ကဆိုရင် ကျွန်တော်တို့ကို သူတို့က သူတို့က ဝိုက်၊ ကျွန်တော်တို့က သူတို့နောက်က ပြန်ဝင်ပြီး သူတို့လာတဲ့လမ်းကနေ ပြန်ထွက်ပြေးရတာ”ဟု ပဇီကြီးရွာဒေသခံတစ်ဦးက ဧပြီ ၂၀ရက်တွင် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။