Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ် ရွာမကျောင်းလမ်းတွင် စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ

ရွာမကျောင်းလမ်း 1 Stop Mart ရှေ့နား ဖြတ်သွားသည့် စစ်ကားပေါ်သို့ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကာ အထိအခိုက်အကျအဆုံးများနိုင်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

Google Map

ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းတွင် ယ​နေ့ညဦးပိုင်း၌ စစ် ကားတစ်စီး(DC အကြီး)မောင်းနှင်နေစဉ် ကားအတွင်းသို့ ဗုံးပစ်သွင်းကာတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ရွာမကျောင်းလမ်း 1 Stop Mart ရှေ့နား ဖြတ်သွားသည့် စစ်ကားပေါ်သို့ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကာ အထိအခိုက်အကျအဆုံးများနိုင်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာမကျောင်းလမ်းထိပ်မှာ စစ်ကားထဲ ဗုံးပစ်ထည့်သွားတာ။ အသံ တော်တော်ကျယ်တယ်။ ခန့်မှန် ၇ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်က ဖြစ်တာ”ဟု ၎င်း က ဆိုသည်။ ဗုံး​ပေါက်ကွဲမှု​ကြောင့် ထိ့ခိုက် ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကအတည်ပြုမရ​သေးပါ။

အခင်းဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာတွင် စစ်ကောင်စီတပ်မှ ရဲနှင့် စစ်သားအများအပြားရောက်ရှိလာပြီး လူနေရပ်ကွက်အတွင်း ရမ်းသမ်းပစ်ခတ်သည့် သေနတ်သံများလည်း ကြားနေရကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင် ရွာမကျောင်းလမ်းနှင့် အနီးဝန်းကျင်တွင် စစ်သားနှင့်ရဲများ ခြေရှုပ်နေသောကြောင့် ဒေသခံများမှာ အိမ်ပြင်သို့မထွက်ရဲဘဲ အခြေအနေစောင့်ကြည့်နေရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook