Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူမဖြစ်သူကို တရားစွဲဆိုလိုက်တဲ့ ထရမ့်

ထရမ့် အနေနဲ့ အခွန်လိမ်လည်မှု အရှုပ်အထွေးတွေ ရှိနိုင်ကြောင်း ၂၀၁၈ ခုနှစ်တုန်းက New York Times သတင်းစာရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး ထရမ့်က တူမဖြစ်တဲ့ မေရီထရမ့်ကိုရော၊ နာမည်ကျော် သတင်းစာတိုက်ကိုပါ တရားစွဲခဲ့တာပါ။

အခွန်ဆိုင်ရာ စာရင်းမှတ်တမ်းတွေ ပေါက်ကြားစေမှုအတွက် တူမဖြစ်သူကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။

ထရမ့် အနေနဲ့ အခွန်လိမ်လည်မှု အရှုပ်အထွေးတွေ ရှိနိုင်ကြောင်း ၂၀၁၈ ခုနှစ်တုန်းက New York Times သတင်းစာရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ဒီကိစ္စကို အကြောင်းပြုပြီး ထရမ့်က တူမဖြစ်တဲ့ မေရီထရမ့်ကိုရော၊ နာမည်ကျော် သတင်းစာတိုက်ကိုပါ တရားစွဲခဲ့တာပါ။

နယူးယောက် တရားရုံး တစ်ခုမှာ တင်ပြထားတဲ့ စွဲချက်အရ မေရီအနေနဲ့ ယုံကြည်မှုကို ချိုးဖောက်ပြီး လျှို့ဝှက်ထားသင့်တဲ့ စာရွက် စာတမ်းတွေကို ပေါက်ကြားစေခဲ့ကြောင်း စွပ်စွဲထားပါတယ်။ မေရီဟာ စာရွက်စာတမ်းတွေနဲ့ ပတ်သက်လို့ နှုတ်မဖွာပါဘူးဆိုတဲ့ သဘောတူညီမှုကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အသက် ၅၆ နှစ်အရွယ် မေရီကတော့ ထရမ့်အနေနဲ့ သူ့ကို တရားစွဲတယ် ဆိုတာကိုက ဆောက်တည်ရာမရ ဖြစ်နေရှာပြီဆိုတဲ့ အဓိပ္ပါယ်ပဲလို့ ခနဲ့သွားခဲ့ပါတယ်။ ထရမ့်အတွက် နံရံတွေက တဖြည်းဖြည်း ကျဉ်းလာနေကြောင်း၊ ဒီအချိန်မှာ သူ့ဦးလေးက နံရံတွေကို တွေ့ရာပစ္စည်းနဲ့ ကမူးရှူးထိုး ကောက်ပေါက်နေတာသာ ဖြစ်ကြောင်း မေရီက ပြောပါတယ်။

ပြီးတော့ အကျပ်အတည်းတွေ ကြုံလာရင် တခြားတစ်ဖက်ကို အာရုံပြောင်းပစ်တတ်တာ ထရမ့်ရဲ့ ပုံမှန် သုံးနေကျ နည်းလမ်းပဲလို့လည်း မေရီက မှတ်ချက်ပေးခဲ့ပါတယ်။ မေရီဟာ New York Times သတင်းစာပါ ဆောင်းပါး အချက်အလက်တွေကို သူကိုယ်တိုင် ပေးအပ်ခဲ့တာလို့ မနှစ်က ထုတ်ဝေတဲ့ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ်ထဲမှာ ဝန်ခံ ဖွင့်ဟခဲ့ပါတယ်။

ထရမ့်ကတော့ မေရီရဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားသလို တူမဖြစ်သူ ရေးသားတဲ့ စာအုပ်ကို ထုတ်ဝေခွင့် ပိတ်ပင်ဖို့ တရားရေးအရ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်လိုက်ပါဘူး။ မနှစ်တုန်းက မေရီဟာ ထရမ့်နဲ့ တခြား မိသားစုဝင် နှစ်ဦးကို လိမ်လည်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲဆိုခဲ့ဖူးပြီး အဲဒီအမှုဟာ လက်ရှိအချိန်ထိ မပြီးပြတ်သေးဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။