Connect with us

Hi, what are you looking for?

News

ကောလင်းပြည်သူများ ယနေ့မှစ၍ ည၈နာရီနောက်ပိုင်း အပြင်လုံး၀မထွက်ရန် PDF ထုတ်ပြန်

အကယ်၍ မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းနှင့် တောင်းဆိုချက်ကို လိုက်နာခြင်းအားဖြင့် ကူညီပေးရန် ကောလင်း PDFက ထုတ်ပြန်သည်။

ကောလင်းပြည်သူများအနေဖြင့် ယနေ့ (စက်တင်ဘာ ၂၃ရက်)ကစ၍ ည ၈နာရီနောက်ပိုင်း အပြင်သို့လုံး၀ မထွက်ရန် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အသိပေးချက်ထုတ်ပြန်သည်။

ခရီးသွား ပြည်သူများ အနေဖြင့်လည်း ကောလင်း နယ်နိမိတ်များဖြစ်သော ကောလင်း-ကျောက်တန်းလမ်းမကြီး၊ ကောလင်း-ဝန်းသို- ပင်လယ်ဘူးလမ်းမကြီး၊ ကောလင်း-ကန့်ဘလူ-ကျွန်းလှ လမ်းမကြီး ၊ မန္တလေး- မြစ်ကြီးနား လမ်းမကြီးနှင့် ကောလင်း ဥက္ကံလမ်းမကြီး အား ည ၈နာရီ ကျော်လျှင် မည်သည့် အကြေင်းနှင့်မျှ အသုံးမပြုရန် အသိပေးကြောင်း ဖော်ပြထားသည်။

အကယ်၍ မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းနှင့် တောင်းဆိုချက်ကို လိုက်နာခြင်းအားဖြင့် ကူညီပေးရန် ကောလင်း PDFက ထုတ်ပြန်သည်။

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များကို PDF များက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေရာ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်၊ ကောလင်း၊ဝန်းသိုနဲ့ မော်လူးမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၀ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

Facebook