Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်နှင့် မကွေးတိုင်းရှိ မြို့နယ်များကို စစ်ကောင်စီ အင်တာနက်ဖြတ်တောက်

ချင်းပြည်နယ်အပြင် မကွေးတိုင်းရှိ ဂန့်ဂေါနှင့် ထီးလင်း မြို့နယ်များတွင်လည်း အင်တာနက်ဖြတ်တောက်လိုက် ကြောင်း ဒေသခံအချို့က ပြောသည်။

(ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် ပြီးခဲ့သည့် ၂၀၁၉က အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဆန္ဒပြကန့်ကွက်နေစဥ်)

ချင်းပြည်နယ်ရှိ မြို့နယ်အများစုကို စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် အင်တာနက်ဖြတ်တောက်လိုက်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တာဝန်ရှိသူက ပြောသည်။

“ချင်းပြည်နယ်က ဟားခါးကလွဲပြီး အကုန်လုံးပါတယ်ပြောတယ်။ သူတို့ကတော့ ယုတ်မာနိုင်သမျှ ယုတ်မာနေကြတာပေါ့။ ပြောရတာလည်း စကားကုန်နေပါပြီ။ ကျွန်တော်တို့က တော်လှန်နေတဲ့သူတွေဆိုတော့ အထူးသလဲ ရှုတ်ချပါတယ်။ ကန့်ကွက်ပါတယ် မပြောတော့ဘူး။ သူတို့ကို အပြုတ်ဖြုတ်ဖို့ကြိုးစားနေတဲ့သူတွေကိုး။ ဒါက ညစ်ပတ်တာပေါ့ဗျာ” ဟု CDFပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်အပြင် မကွေးတိုင်းရှိ ဂန့်ဂေါနှင့် ထီးလင်း မြို့နယ်များတွင်လည်း အင်တာနက်ဖြတ်တောက်လိုက် ကြောင်း ဒေသခံအချို့က ပြောသည်။

“၅နာရီခွဲလောက်က ဖြတ်တာ။ ဂန့်ဂေါအပြင် ချင်းပြည်ဘက်ကိုလည်း ဖြတ်တယ် ကြားတယ်။ မကွေးတိုင်းကတော့ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်း လို့ပြောတယ်” ဟု ဂန့်ဂေါဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လွန်ခဲ့သည့် တစ်လကျော်က ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကို စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ခဲ့ပြီး မကြာသေးမီကလည်း မကွေး၊ မန္တလေးနှင့်စစ်ကိုင်းတိုင်းစသည့် တိုင်းများမှ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ခဲ့သည်။

ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်လိုက်ခြင်းသည် မကြာသေးမီက ထန်တလန်နှင့် ဟားခါးမြို့၌ စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုကို ပြည်တွင်းနှင့် နိုင်ငံတကာ မသိစေရေး သတင်းအမှောင် ချလို့၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု CDF ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်နေတဲ့အရာကို ပြည်သူ၊ ပြည်သားချင်းသော်လည်းကောင်း ကမ္ဘာကသော် လည်းကောင်း မသိအောင် အမှောင်ဖုံးဖို့ ကြိုးစားတာပေါ့။ ကျွန်တော်တို့ အားလုံး ဘယ်သူ့ကိုပဲ ထိထိ ကျွန်တော်တို့အားလုံးကို ထိတဲ့ပုံစံနဲ့အားလုံး၀ိုင်းထကြွကြပေးဖို့ အဲဒီလိုမျိုးတောင်းဆိုချင်ပါတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက မြန်မာပြည်သူလူထုအား ပြောကြားသည်။

(ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် ပြီးခဲ့သည့် ၂၀၁၉က အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဆန္ဒပြကန့်ကွက်နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။