Connect with us

Hi, what are you looking for?

သတင်း

PDF တပ် ၂ နှစ်ပြည့်ကာလအတွင်း တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းထားနိုင်

PDF တပ် ၂ နှစ်ပြည့်ကာလမှာ ကူညီခဲ့ကြတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ၊ အသက်နဲ့ခန္ဒာစွန့်ပြီး လူထုလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF တွေကို NUG ယာယီသမ္မတ က ကျေးဇူးတင်ဂုဏ်ပြုစကားဆိုထားပါတယ်။

ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန

နိုင်ငံအနှံမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို ၂ နှစ်တာ ကာလအတွင်း ဖွဲ့စည်း တည်ထောင် ထားနိုင်ပြီလို့ NUG အစိုးရရဲ့ ယာယီသမ္မတ က အသိပေးပြောလိုက်ပါတယ်။

ဒီနေ့ မေလ ၅ ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းတည်ထောင်တာ ၂ နှစ် ပြည့်မြောက်တာပါ။

၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့စစ်ကြောင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ပြီဖြစ်သလို ၊ ရပ်ရွာအခြေပြုတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေကို မြို့နယ် ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီလို့ NUG က ကြေညာပါတယ်။

အဲဒီလို တပ်ရင်း၊စစ်ကြောင်းနဲ့ ပ.က.ဖ တွေရဲ့တပ်ဖွဲ့ဝင်အင်အားစာရင်းကို NUG က ထုတ်မပြောပေမယ့် စစ်ကောင်စီထက် တိုက်ခိုက်ရေးအင်အားသာလွန်ပြီလို့ NUG ယာယီသမ္မတက ဒီနေ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအရဆိုရင်လည်း စစ်ဒေသတွေ ၊စစ်တိုင်းတွေ သီးခြားသတ်မှတ်နိုင်ပြီဖြစ်ပြီး စစ်ရေးအတွေ့အကြုံရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က တပ်မှူးတွေနဲ့ပူးပေါင်းကာ ပေါင်းစပ်ကွပ်ကဲမှုစနစ်ကို အတိုင်းအတာတစ်ခုထိ အကောင်အထည်ဖော်နိုင်ပြီလို့ ယာယီသမ္မတကပြောပါတယ်။

PDF တပ်တွေဟာ ခံစစ်နဲ့ စတင်ခဲ့ရပေမယ့် လက်ရှိမှာ တန်ပြန်ထိုးစစ်အကြိုကာလကိုအပြည့်အဝရောက်လာပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ တန်ပြန်ထိုးစစ်ကာလကို ဆက်လက်တက်လှမ်းဖို့ ဘဏ္ဍာငွေနဲ့ ဗျုဟာမြောက် စစ်လက်နက်ပစ္စည်းတွေရရှိနိုင်မှုအပေါ် မူတည်နေတယ်လို့ ယာယီသမ္မတက အသိပေးပါတယ်။

ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန
ဓာတ်ပုံ − NUG ကာကွယ်ရေးဝန်ကြီးဌာန

လက်နက်တပ်ဆင်ရာမှာလည်း တူမီး ၊လက်လုပ်သေနတ်တွေနေရာမှာ အတိုင်းအတာတစ်ခုအထိ လက်နက်တွေ တပ်ဆင်နိုင်နေပြီး လက်နက်ခဲယမ်းထုတ်လုပ်တာလည်း အောင်မြင်ပေါက်ရောက်နေပြီလို့ NUG ယာယီသမ္မတက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ သူတင်ကိုယ်တင် ပွဲသိမ်းတိုက်နိုင်တဲ့ လက်နက်ခဲယမ်း ထုတ်နိုင်တဲ့အခြေအနေ ရောက်ဖို့ တော့ ကြိုးပမ်းရဦးမယ်လို့ ပြောပါတယ်။

လေကြောင်းရန်ကို တန်ပြန်တိုက်ခိုက်၊ခုခံဖို့ ဗျုဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက်ရဖို့လို အပ်နေတယ်လို့ NUG ယာယီသမ္မတက အသိပေးပါတယ်။

PDF တပ် ၂ နှစ်ပြည့်ကာလမှာ ကူညီခဲ့ကြတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ၊ အသက်နဲ့ခန္ဒာစွန့်ပြီး လူထုလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF တွေကို NUG ယာယီသမ္မတ က ကျေးဇူးတင်ဂုဏ်ပြုစကားဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။