Connect with us

Hi, what are you looking for?

သတင်း

လူအင်အားအရ စစ်ကောင်စီထက် သာလွန်အင်အား ရှိနေပြီဟု NUG အသိပေး

တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ကျော်၊ရပ်ရွာ အခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) များကို မြို့နယ်ပေါင်း ၂၅၀ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသည်ဟုဆိုသည်။

(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY- PDF)
(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY- PDF)

▪️နောက်ဆုံးအဆင့် ထိုးစစ်ကာလသို့ တက်လှမ်းနိုင်ရေး ဗျူဟာမြောက် စစ်လက်နက်များ ရှာဖွေတပ်ဆင်ခြင်းအား အားစိုက်လုပ်ဆောင်နေဟု ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများနှင့် မြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားရာ လူအင်အားအရ ရန်သူ့ထက် သာလွန်အင်အားဖြစ်အောင် ၂နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ယမန်နေ့က ပြုလုပ်သည့် NUG (၂)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ကျော်၊ရပ်ရွာ အခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) များကို မြို့နယ်ပေါင်း ၂၅၀ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသည်ဟုဆိုသည်။

(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY- PDF)
(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY- PDF)

စစ်မဟာဗျူဟာအရ ခံစစ်ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလသို့ အပြည့်အ၀ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာ မြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

လက်ရှိအချိန်ထိ ပြည်သူလူထုတရပ်လုံး၏ လှူဒါန်းကူညီမှု၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှု များကြောင့် PDF တပ်မတော်အတွက် လက်နက်တပ်ဆင်မှုကို အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်သကဲ့သို့ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍသည်လည်း များစွာ အောင်မြင် ပေါက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့် ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်အင်အား အခြေအနေကိုရောက်ရှိရန် လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန် ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက် ရရှိနိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း အသိပေးသည်။

(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MDY- PDF)
(စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY- PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MDY- PDF)

မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်းခန့်မှန်း ရန်သူ့အင်အား ၃သောင်း ခန့် ထိခိုက်သေဆုံးသည်အထိ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး ၁သောင်းကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NUGက ဆိုသည်။

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းပြီး ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee – J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

အစိုးရသက်တမ်း (၂) နှစ်တာ ကာလအတွင်း မဟာမိတ် ERO များနှင့် ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှုများက တဆင့် တဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်တွင် စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command တည်ဆောက် မှုများဆောင်ရွက်နေကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ