Connect with us

Hi, what are you looking for?

သတင်း

BGF စခန်းတစ်ခုအား KNLA တပ်မဟာ(၅) တိုက်ခိုက်၊ BGF ၆ဦးသေ လက်နက် ၈ လက်ရဟုထုတ်ပြန်

KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

(စစ်​ကောင်စီလက်​အောက်ခံ BGF ထံမှသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU Mutraw News)
(စစ်​ကောင်စီလက်​အောက်ခံ BGF ထံမှသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU Mutraw News)

▪︎KNLAရဲ​ဘော် ၂ဦးကျဆုံးခဲ့ဟုလည်းအသိ​ပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီခါးပိုက်ဆောင်တပ်၏ ရှေ့တန်းစစ်မြေပြင်သို့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများပို့ဆောင်ရန် လမ်းလုံခြုံရေးအားတပ်ဝန်ယူစောင့်ကြပ်ပေးထားသည့် BGFတပ်နယ်(၃)၊ နီကန်စခန်းအား မေလ ၂ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း BGFမှ တပ်ခွဲမှူးတစ်ဉီး၊ ဒု-ခွဲမှူးတစ်ဉီးနှင့် တပ်ကြပ်ကြီးတစ်ဉီး အပါအဝင် ၆ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

BGF ထံမှ AR(၅)လက်နှင့်အတူ ၎င်းကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ 9-MM-နိုင်းမမပစ်စတိုတစလက်၊ RPG-7 တစ်လက်နှင့် ၎င်းဗုံးသီး(၆)လုံး၊ NATO-နတ်တိုးစက်လတ်တစ်လက်နှင့် ၎င်း၏ကျည်(၅၀၀)လုံးနှင့် ဆက်သွယ်ရေးစကားပြောစက်(၂)လုံးသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLA ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍အ​သေးစိပ်သိရှိနိုင်ရန် People’s Spring က KNLA တပ်မဟာ ၅ ထံဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။