Connect with us

Hi, what are you looking for?

သတင်း

BGF စခန်းတစ်ခုအား KNLA တပ်မဟာ(၅) တိုက်ခိုက်၊ BGF ၆ဦးသေ လက်နက် ၈ လက်ရဟုထုတ်ပြန်

KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

(စစ်​ကောင်စီလက်​အောက်ခံ BGF ထံမှသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU Mutraw News)
(စစ်​ကောင်စီလက်​အောက်ခံ BGF ထံမှသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-KNU Mutraw News)

▪︎KNLAရဲ​ဘော် ၂ဦးကျဆုံးခဲ့ဟုလည်းအသိ​ပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ BGF တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီခါးပိုက်ဆောင်တပ်၏ ရှေ့တန်းစစ်မြေပြင်သို့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများပို့ဆောင်ရန် လမ်းလုံခြုံရေးအားတပ်ဝန်ယူစောင့်ကြပ်ပေးထားသည့် BGFတပ်နယ်(၃)၊ နီကန်စခန်းအား မေလ ၂ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း BGFမှ တပ်ခွဲမှူးတစ်ဉီး၊ ဒု-ခွဲမှူးတစ်ဉီးနှင့် တပ်ကြပ်ကြီးတစ်ဉီး အပါအဝင် ၆ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

BGF ထံမှ AR(၅)လက်နှင့်အတူ ၎င်းကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ 9-MM-နိုင်းမမပစ်စတိုတစလက်၊ RPG-7 တစ်လက်နှင့် ၎င်းဗုံးသီး(၆)လုံး၊ NATO-နတ်တိုးစက်လတ်တစ်လက်နှင့် ၎င်း၏ကျည်(၅၀၀)လုံးနှင့် ဆက်သွယ်ရေးစကားပြောစက်(၂)လုံးသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLA ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍အ​သေးစိပ်သိရှိနိုင်ရန် People’s Spring က KNLA တပ်မဟာ ၅ ထံဆက်သွယ်ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ သပြေညွန့် ရှေ့တန်းစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။

သတင်း

တရုတ်အစိုးရက တရုတ်နိုင်ငဲသားများနေရပ်ပြန်ခေါ်ယူမှုကို ရက်နားထားရာမှ မတ် ၆ တွင်ပြန်စပြီး သုံးရက်အတွင်း ၁,၄၀၀ကျော်ခေါ်မည်ဟုဆို

သတင်း

ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင် တချို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ပိုမို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းပြီးနောက် တရားခံများနှင့် လူကုန်ကူးခံရသူများအား ဖမ်းဆီးကယ်ဆယ်ထားသော နိုင်ငံခြားသား ၇,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးလာရောက်ခေါ်ဆောင်ကြရန် ကရင်နယ်ခြားစောင့်တပ်(BGF)က မတ်လ ၁ရက်တွင် ထုတ်ပြန်သည်။