Connect with us

Hi, what are you looking for?

သတင်း

KNU ခေါင်းဆောင်သစ်များ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း ဗြိတိန်သံရုံးပြော

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

(KNU တပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်သစ်များအနေဖြင့် မြန်မာနိုင်ငံအား ပြည်သူအားလုံးပိုမိုပါဝင်သော ငြိမ်းချမ်းသော ဒီမိုကရေစီ အနာဂတ်အတွက် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် KNU ညီလာခံပြီးမြောက်ခြင်းအတွက် ဗြိတိန်သံရုံးက ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

KNU ညီလာခံက ရွေးချယ်လိုက်သည့် အလုပ်အမှုဆောင်ကော်မတီဝင်အသစ်များ ကျန်းမာပါစေဟုလည်း ဆန္ဒပြုခဲ့သည်။

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေများ ပို၍ ပြင်းထန်လာနိုင်သောကြောင့် နိုင်ငံတကာအနေဖြင့်လည်း ဒုက္ခရောက်နေသည့် မြန်မာလူထုအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပံ့ပိုးပေးရေးများစွာ ထည့်သွင်းစဉ်းစားပေးရန် ပဒိုစောကလယ်စေးက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook