Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆)တွင် ဧပြီအတွင်း တိုက်ပွဲ ၃၀ခန့်ဖြစ်၊ စစ်ကောင်စီတပ် ၁၀၀ကျော်သေဆုံး

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ခဲ့သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)

▪️KNLA ပူးပေါင်းတပ်မှ ရဲဘော် ၁၀ဦးကျဆုံးဟု ဒူးပလာယာခရိုင် ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် ဧပြီအတွင်း တိုက်ပွဲ ၂၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀ကျော်သေဆုံးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

KNU လက်အောက်ခံ KNLA၊KNDO ပူးပေါင်း စစ်ကြောင်းများ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀၇ ဦးသေဆုံးကာ ၈၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာရသူများအနက် ဗိုလ်မှူး အဆင့် သုံးဦး၊ ဗိုလ်ကြီး အဆင့် တစ်ဦး၊ ခလရ (၈)တပ်ရင်းမှူး တစ်ဦး ပါဝင်ခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ဟု ထုတ်ပြန်သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

အဆိုပါတိုက်ပွဲများ၌ KNLA၊ KNDO နှင့် ပူးပေါင်း စစ်ကြောင်းများမှ ၁၀ဦး ကျဆုံးကာ ၁၉ ဦး ဒဏ်ရာ ရခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပြည်သူလူထု နေထိုင်ရာရွာများသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးမီးလောင်ပြာကျခဲ့သည်ဟု ဆိုသည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံ ပြည်သူ ၂၃,၀၀၀ကျော် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာ ကြုံနေကြရသည်ဟု အသိပေးသည်။ မိုးဦးရာသီကြောင့် ၎င်းစစ်ဘေးရှောင် ပြည်သူများမှာ နေရာထိုင်ခင်းအတွက် မိုးလုံ၊ တာလပတ်၊ စောင်၊ ခြင်ထောင် စသည်များလိုအပ်ပြီး စားနပ်ရိက္ခာ နှင့် ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်နေကြောင်း ထုတ်ပြန်သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ နှစ်ဦး ရက်စက်စွာသတ်ဖြတ်ခံရပြီး တစ်ဦး ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ပြည်သူလူထုနေအိမ်များ မီးရှို့မှု၊ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူပိုင် အိမ်မွေး တိရိစ္ဆာန်များဖြစ်သည့် နွား (၃၄)ကောင်၊ ဝက် (၂၁)ကောင်၊ ဆိတ် (၂၀)ကောင် နှင့် အခြားသော အိမ်မွေးတိရိစ္ဆာန် မြောက်များစွာ ထိခိုက်သေကြေ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူပိုင်ဥယျာဉ်ခြံမြေများစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။