Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)တွင် ဧပြီအတွင်း တိုက်ပွဲ ၃၀ခန့်ဖြစ်၊ စစ်ကောင်စီတပ် ၁၀၀ကျော်သေဆုံး

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ခဲ့သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)

▪️KNLA ပူးပေါင်းတပ်မှ ရဲဘော် ၁၀ဦးကျဆုံးဟု ဒူးပလာယာခရိုင် ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် ဧပြီအတွင်း တိုက်ပွဲ ၂၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀ကျော်သေဆုံးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

KNU လက်အောက်ခံ KNLA၊KNDO ပူးပေါင်း စစ်ကြောင်းများ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀၇ ဦးသေဆုံးကာ ၈၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ဒဏ်ရာရသူများအနက် ဗိုလ်မှူး အဆင့် သုံးဦး၊ ဗိုလ်ကြီး အဆင့် တစ်ဦး၊ ခလရ (၈)တပ်ရင်းမှူး တစ်ဦး ပါဝင်ခဲ့သည်ဟု အသိပေးသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ဟု ထုတ်ပြန်သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

အဆိုပါတိုက်ပွဲများ၌ KNLA၊ KNDO နှင့် ပူးပေါင်း စစ်ကြောင်းများမှ ၁၀ဦး ကျဆုံးကာ ၁၉ ဦး ဒဏ်ရာ ရခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပြည်သူလူထု နေထိုင်ရာရွာများသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ပစ်ခတ်မှုများကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးမီးလောင်ပြာကျခဲ့သည်ဟု ဆိုသည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒေသခံ ပြည်သူ ၂၃,၀၀၀ကျော် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ အခက်အခဲများစွာ ကြုံနေကြရသည်ဟု အသိပေးသည်။ မိုးဦးရာသီကြောင့် ၎င်းစစ်ဘေးရှောင် ပြည်သူများမှာ နေရာထိုင်ခင်းအတွက် မိုးလုံ၊ တာလပတ်၊ စောင်၊ ခြင်ထောင် စသည်များလိုအပ်ပြီး စားနပ်ရိက္ခာ နှင့် ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်နေကြောင်း ထုတ်ပြန်သည်။

(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ - ဒူးပလာယာခရိုင်)
(တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရယာန်ဘုရားရှိခိုးကျောင်း၊ ဆေးပေးခန်းနှင့် ပြည်သူလူထုပိုင် အိုးအိမ် ၃၈၀ကျော် ပျက်စီးကာ နေအိမ် ၁၂လုံးပျက်စီးခဲ့သည်။ ဓာတ်ပုံ – ဒူးပလာယာခရိုင်)

စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ နှစ်ဦး ရက်စက်စွာသတ်ဖြတ်ခံရပြီး တစ်ဦး ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်၏ ပြည်သူလူထုနေအိမ်များ မီးရှို့မှု၊ လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူပိုင် အိမ်မွေး တိရိစ္ဆာန်များဖြစ်သည့် နွား (၃၄)ကောင်၊ ဝက် (၂၁)ကောင်၊ ဆိတ် (၂၀)ကောင် နှင့် အခြားသော အိမ်မွေးတိရိစ္ဆာန် မြောက်များစွာ ထိခိုက်သေကြေ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူပိုင်ဥယျာဉ်ခြံမြေများစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ကျူးလွန်နေကြောင်း ဒူးပလာယာခရိုင်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook