Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေ၌ ယခုနှစ်လေးလအတွင်း တိုက်ပွဲ ၁,၆၀၀ ကျော်ဖြစ်၊ စစ်ကောင်စီ တပ်ရင်းမှူးလေးဦး အပါအဝင် ၁,၇၀၀ ကျော်သေဟု ထုတ်ပြန်

စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပါတ်သက်ပြီး သိရှိလိုပါက KNU သတင်းနှင့်ပြန်ကြားရေး(ဗဟို)အား ဆက်သွယ်မေးမြန်း နိုင်ကြောင်း ထုတ်ပြန်သည်။

(ရှေ့တန်းစစ်မျက်နှာတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော KNU တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ရှေ့တန်းစစ်မျက်နှာတစ်နေရာတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော KNU တပ်သားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️KNU တပ်ဖွဲ့ဝင် ၅၉ဦး ကျဆုံး၊ ၂၀၀နီးပါး ဒဏ်ရာရဟု အသိပေး

▪️စစ်ရှောင်ပြည်သူ ၄သိန်းကျော်ရှိလာ၊ စစ်ရှောင်ကူညီရေး KNU ဗဟိုသတင်းပြန်ကြားရေးသို့ ဆက်သွယ်နိုင်ဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ယခုနှစ်လေးလတာအတွင်း တိုက်ပွဲ ၁,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များ ပြားခဲ့သည်ဟု KNUဗဟိုက ယနေ့ ထုတ်ပြန်သည်။

ဇန်နဝါရီ မှ ဧပြီအထိ လေးလအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁,၆၄၂ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (B.G.F) များ ဘက်မှ ၁,၇၃၆ဦးသေဆုံးကာ ၁,၁၈၈ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ထိုသို့ သေဆုံးသူများအနက် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်ရင်းမှူးလေးဦး၊ ဒုတပ်ရင်းမှူး ငါးဦးပါဝင်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲများအတွင်း KNLAနှင့် KNDO ဘက်မှ ၅၉ဦး ကျဆုံးကာ ၁၉၆ဦး ဒဏ်ရာရခဲ့သည်။ KNU နယ်မြေအတွင်း တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များလည်း ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိရာ ကျဆုံးထိခိုက်မှုများ၌ PDF ရဲဘော်များလည်း ပါဝင်ကြောင်း KNUက ယခင်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ KNU နယ်မြေရှိ ပြည်သူလုထု လေးသိန်းကျော်မှာ ကြောက်ရွံ့စွာဖြင့် အသက်ရှင်နေထိုင်နေကြရပြီး အသက်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

တိုက်ပွဲများ နေ့စဉ်နေ့တိုင်းဖြစ်ပွားနေရခြင်း နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူလူထု တစ်သိန်းကျော်၏ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်သည်။

ပြည်သူလူထု အမြောက်အများမှာ စားဝတ်နေရေးနှင့် ပါတ်သက်သော အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု အသိပေးထားပြီး ၂၀၂၃ ဇန်နဝါရီမှ ယနေ့အချိန်အထိ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထု ၈၅,၀၀၀ အတွက် လစဉ်စားနပ်ရိက္ခာများ အားထောက်ပံ့ပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

စစ်ဘေးရှောင်ပြည်သူလူထုများသည် စာနပ်ရိက္ခာမလုံ လောက်မှုများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ၎င်းတို့အတွက် အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဖော်ပြသည်။

KNUအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များအား နိုင်ငံရေး၊ စစ်ရေးအရ ရင်ဆိုင်နေရသည်သာမက ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူလူထုများ၏ လိုအပ်ချက်များကိုလည်း ကြိုးစားပြီး ကိုင်တွယ်ဖြေရှင်းနေကြရကြောင်း၊ စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ် သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို ဝိုင်းဝံကူညီပံ့ပိုးပေးမည့်သူများအား အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း KNUက အသိပေးသည်။

စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပါတ်သက်ပြီး သိရှိလိုပါက KNU သတင်းနှင့်ပြန်ကြားရေး(ဗဟို)အား ဆက်သွယ်မေးမြန်း နိုင်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။