Connect with us

Hi, what are you looking for?

News

က​လေးမြို့သို့လာသည့် စစ်​ကောင်စီယာဥ်တန်းကို PDFကတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ရှစ်ဦး​သေဆုံး

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မင်းအောင်လှိုင်လက်ပါး စေ အကြမ်းဖက်စစ်သားများသည် ချင်းဆိုင်ရွာဘက်သို့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ကာ မိုင်းထိမှန်ထားသော ယာဉ်များကို ချန်ရစ်ပြီး ကျန်ယာဉ်များပေါ်သို့ ရုပ်အ​လောင်းများ တင်ဆောင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ထပ်မံ​ဖော်ပြထားသည်။

ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာ‌သောအကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ချင်းဆိုင်ရွာအနီး ရထားသံလမ်းကုန်းကျော်တွင် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားရှစ်ဦး ​သေဆုံးခဲ့​ကြောင်း က​လေး PDFက ယ​နေ့ညတွင် ထုတ်ပြန်သည်။

ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် အရပ်သုံးယာဉ် ဆိုင်ကယ် ၅ စီး ကုန်တင်ကား ၄ စီး အသုံးပြု၍ တောင်ပိုင်းမှ က​လေးမြို့သို့​မောင်းနှင်လာစဥ် တိုက်ခိုက်မှု​​ကြောင့် ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီး ထိမှန်ပျက်စီးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်စစ်သားသုံး ဦးနှင့် ကုန်တင်ကားတစ်စီးပေါ်မှ အကြမ်းဖက်စစ်သား ငါးဦး စုစုပေါင်းရှစ်ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မင်းအောင်လှိုင်လက်ပါး စေ အကြမ်းဖက်စစ်သားများသည် ချင်းဆိုင်ရွာဘက်သို့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ကာ မိုင်းထိမှန်ထားသော ယာဉ်များကို ချန်ရစ်ပြီး ကျန်ယာဉ်များပေါ်သို့ ရုပ်အ​လောင်းများ တင်ဆောင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ထပ်မံ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။