Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား

အီတလီ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ခံရသူ မယ်လိုနီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် မပတ်သက်ချင်တဲ့ အဓိပ္ပါယ်မျိုး ပြောဆိုခဲ့ဖူးပါတယ်။

ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား
ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား

ရောမ မြို့တော်ဆီ ရောက်ရှိလာတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ကြိုဆိုခဲ့ပြီး ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ ယူကရိန်းနဲ့အတူ ရပ်တည်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

အီတလီ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ခံရသူ မယ်လိုနီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် မပတ်သက်ချင်တဲ့ အဓိပ္ပါယ်မျိုး ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ မေလ ၁၃ ရက်က ဇီလန်စကီးရဲ့ ရောမမြို့ ခရီးစဉ်မှာတော့ မယ်လိုနီက အီတလီဟာ စစ်ပွဲမှာ ယူကရိန်းနဲ့ အတူလက်တွဲ ရပ်တည်ပေးမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

ဇီလန်စကီးဟာ အီတလီရဲ့ မြို့တော်မှာ ရှိနေစဉ်အတွက် မယ်လိုနီ၊ အီတလီ ဝန်ကြီးချုပ် ဆာဂျီယို မာတာရယ်လာ၊ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက အီတလီ နိုင်ငံဆီ သွားရောက်မှုဟာ ယူကရိန်းရဲ့ အောင်ပွဲနဲ့ ပိုနီးကပ်လာစေမယ့် အရေးကြီးတဲ့ ခရီးစဉ် တစ်ခုဖြစ်တယ်လို့ Twitterမှာ ညွှန်းဆို ရေးသားထားခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ချိန်ကစလို့ အီတလီ အနေနဲ့ ယူကရိန်းအတွက် ယူရို ၁ ဘီလီယံဖိုးလောက် စစ်လက်နက်နဲ့ ဘဏ္ဍာရေး အကူအညီတွေ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ စစ်ဘေးသင့် ယူကရိန်း ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေလည်း ပေးပို့နေပါတယ်။

မယ်လိုနီဟာ စစ်ပွဲ နှစ်ပတ်လည် ကာလမတိုင်ခင် ရက်ပိုင်းအလိုတုန်းက ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ဆီ သွားရောက်ပြီး ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဇီလန်စကီးရဲ့ အခု အီတလီ ခရီးစဉ်မှာတော့ သူနဲ့ ပုပ်ရဟန်းမင်းတို့ ဆွေးနွေးမယ့် ကိစ္စက မီဒီယာတွေရဲ့ ဦးစားပေး စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အတိအလင်း မေတ္တာရပ်ခံထားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဇီလန်စကီးနဲ့ နောက်ဆုံးအကြိမ် လူချင်း တွေ့ဆုံခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန်က စောင့်ကြည့်ပြီး ကြိုတင်သတိပေးတဲ့ စနစ်ဟာ အပြည့်အဝ ပြန်ပြီး လည်ပတ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်က ထောက်ပံ့ပေးထားခဲ့တဲ့ အင်တာနက် ကွန်ရက်စနစ်ရဲ့ မြန်နှုန်းတွေ လျော့ကျနေခဲ့ရာက အခုတော့ ပုံမှန် ပြန်ဖြစ်လာနေကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း မြို့ငယ်လေး တစ်ခုမှာ အပစ်အခတ် ရပ်စဲစေပြီး ဒေသခံတွေ ဘေးကင်းကင်း ရွှေ့ပြောင်းဖို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က အောင်အောင်မြင်မြင် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒဏ်ရာရနေတဲ့ စစ်သည်တစ်ယောက်ကို စစ်မြေပြင်သုံး ပျံသန်းရေး ဒရုန်းတစ်ခု အကူအညီနဲ့ အောင်အောင်မြင်မြင် ရွှေ့ပြောင်း သယ်ယူခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်းက ထုတ်ပြန် ပြသခဲ့ပါတယ်။