Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား

အီတလီ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ခံရသူ မယ်လိုနီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် မပတ်သက်ချင်တဲ့ အဓိပ္ပါယ်မျိုး ပြောဆိုခဲ့ဖူးပါတယ်။

ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား
ရောမမြို့တော်ကို ရောက်ရှိလာတဲ့ ယူကရိန်း ဝန်ကြီးချုပ်၊ ပုပ်ရဟန်းမင်းကြီးနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား

ရောမ မြို့တော်ဆီ ရောက်ရှိလာတဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ကြိုဆိုခဲ့ပြီး ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ ယူကရိန်းနဲ့အတူ ရပ်တည်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

အီတလီ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သလို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးလို့ သတ်မှတ်ခံရသူ မယ်လိုနီဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေတုန်းက ယူကရိန်း စစ်ပွဲမှာ ထဲထဲဝင်ဝင် မပတ်သက်ချင်တဲ့ အဓိပ္ပါယ်မျိုး ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ မေလ ၁၃ ရက်က ဇီလန်စကီးရဲ့ ရောမမြို့ ခရီးစဉ်မှာတော့ မယ်လိုနီက အီတလီဟာ စစ်ပွဲမှာ ယူကရိန်းနဲ့ အတူလက်တွဲ ရပ်တည်ပေးမယ်လို့ ကတိပြုသွားခဲ့ပါတယ်။

ဇီလန်စကီးဟာ အီတလီရဲ့ မြို့တော်မှာ ရှိနေစဉ်အတွက် မယ်လိုနီ၊ အီတလီ ဝန်ကြီးချုပ် ဆာဂျီယို မာတာရယ်လာ၊ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက အီတလီ နိုင်ငံဆီ သွားရောက်မှုဟာ ယူကရိန်းရဲ့ အောင်ပွဲနဲ့ ပိုနီးကပ်လာစေမယ့် အရေးကြီးတဲ့ ခရီးစဉ် တစ်ခုဖြစ်တယ်လို့ Twitterမှာ ညွှန်းဆို ရေးသားထားခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ချိန်ကစလို့ အီတလီ အနေနဲ့ ယူကရိန်းအတွက် ယူရို ၁ ဘီလီယံဖိုးလောက် စစ်လက်နက်နဲ့ ဘဏ္ဍာရေး အကူအညီတွေ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ စစ်ဘေးသင့် ယူကရိန်း ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေလည်း ပေးပို့နေပါတယ်။

မယ်လိုနီဟာ စစ်ပွဲ နှစ်ပတ်လည် ကာလမတိုင်ခင် ရက်ပိုင်းအလိုတုန်းက ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ဆီ သွားရောက်ပြီး ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဇီလန်စကီးရဲ့ အခု အီတလီ ခရီးစဉ်မှာတော့ သူနဲ့ ပုပ်ရဟန်းမင်းတို့ ဆွေးနွေးမယ့် ကိစ္စက မီဒီယာတွေရဲ့ ဦးစားပေး စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အတိအလင်း မေတ္တာရပ်ခံထားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဇီလန်စကီးနဲ့ နောက်ဆုံးအကြိမ် လူချင်း တွေ့ဆုံခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။