Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့အဝင် လမ်းပိုင်းသုံးခုကို စစ်ကောင်စီ ဖျက်ဆီး

စစ်ကောင်စီတပ်အနေဖြင့် ယခင်က KNUက လမ်းတံတားဖျက်ဆီးသည့် သောင်းကျန်းသူဟု စွပ်စွဲ ပြောဆိုခဲ့ပြီး ယခု ၎င်းတို့ကိုယ်တိုင်လမ်းများကို ပြန်လည်ဖျက်ဆီးနေကြောင်း၊ အဆိုပါဒေသ၌ ထိုးစစ်ထက် ခံစစ်အတွက် ကြိုတင်ပြင်ဆင်သည်ဟု ယူဆကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

(ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင်၌ ၂၀၂၁ မတ်လ ၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အဝင်မခံဘဲ တားဆီးထားသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Thoo Lei News)
(ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင်၌ ၂၀၂၁ မတ်လ ၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အဝင်မခံဘဲ တားဆီးထားသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Thoo Lei News)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့သို့ ဝင်ရောက်သည့်လမ်းပိုင်း သုံးခုကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း၌ ဖျက်ဆီးလိုက်ကြောင်း ဒေသခံက ပြောသည်။

“ကျနော်တို့ ကော့ကရိတ်တောင်ပိုင်းမှာ ဒေသခံ လူထုတွေအသုံးပြုတဲ့လမ်းတွေကို ဒီနေ့ ညနေ ၅နာရီလောက်မှာ စကစတွေက ဘက်ဖိုးနဲ့လာပြီး ဖြတ်တောက်လိုက်ပြီ။ လမ်းသုံးလမ်းကို ဖြတ်တောက်လိုက်တာ။ တစ်မိုင်ကုန်းလမ်းရယ်၊ ကျိုက်ဒုံနဲ့ ကော့ကရိတ်လမ်းရယ် နောက်ပြီးတော့ တစ်မိုင်ကုန်း ဘုန်းကြီးလမ်းပေါ့။ အောက်လမ်း မြေနီလမ်းတွေပေါ့ ဘက်ဖိုးနဲ့လာပြီး ဖြတ်ထုတ်လိုက်တာပေါ့” ဟု ဒေသခံက ပြောသည်။

ထိုသို့ လမ်းများကို ဖျက်လိုက်ခြင်းမှာ စစ်ကောင်စီတပ်က ၎င်းတို့အနေဖြင့် လုံခြုံမှု မရှိတော့ဟု ယူဆ၍ ဖြစ်နိုင်သည်ဟုဒေသခံက သုံးသပ်သည်။

Public Service Announcement
Public Service Announcement

“ဒေသခံလူထုအတွက်တော့ ဖြတ်လေးဖြတ်ပုံစံ ဖြတ်ပြီးတော့ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်ရေးကိစ္စ ခရီးသွားလာမှု တွေအနှောက်အယှက်ဖြစ်အောင်လုပ်တာတစ်ပိုင်းပေါ့။ အရင်က တိုက်ပွဲဖြစ်လိုက် လမ်းခဏလေးပိတ်လိုက် ပိတ်ပြီး ဒေသခံလူထုတွေ စျေးကြို စျေးဝယ်သွားလိုက်။ အဲဒါကို ဘာမှ ဖြတ်တောက်စရာအကြောင်းမရှိဘူး။ တကယ့်တကယ် သူတို့ကိုယ်သူတို့ မလုံခြုံတဲ့ အပိုင်းဖြစ်တော့ စစ်ရေးအကြောင်းပြပြီး ဖြတ်တောက်လိုက်တဲ့ သဘောရှိတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ယခင်က KNUက လမ်းတံတားဖျက်ဆီးသည့် သောင်းကျန်းသူဟု စွပ်စွဲ ပြောဆိုခဲ့ပြီး ယခု ၎င်းတို့ကိုယ်တိုင်လမ်းများကို ပြန်လည်ဖျက်ဆီးနေကြောင်း၊ အဆိုပါဒေသ၌ ထိုးစစ်ထက် ခံစစ်အတွက် ကြိုတင်ပြင်ဆင်သည်ဟု ယူဆကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“အခုအချိန်က သောင်းကျန်းသူအဖျက်သမားက ဘယ်သူလဲဆိုတာ ပြန်မေးလိုက်မယ်ဆိုရင် ပေါ်သွားပြီပေါ့။ သူတို့ ခင်းတဲ့လမ်း သူတို့ ပြန်ဖျက်တယ်”ဟုဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။