Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့အဝင် လမ်းပိုင်းသုံးခုကို စစ်ကောင်စီ ဖျက်ဆီး

စစ်ကောင်စီတပ်အနေဖြင့် ယခင်က KNUက လမ်းတံတားဖျက်ဆီးသည့် သောင်းကျန်းသူဟု စွပ်စွဲ ပြောဆိုခဲ့ပြီး ယခု ၎င်းတို့ကိုယ်တိုင်လမ်းများကို ပြန်လည်ဖျက်ဆီးနေကြောင်း၊ အဆိုပါဒေသ၌ ထိုးစစ်ထက် ခံစစ်အတွက် ကြိုတင်ပြင်ဆင်သည်ဟု ယူဆကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

(ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင်၌ ၂၀၂၁ မတ်လ ၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အဝင်မခံဘဲ တားဆီးထားသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Thoo Lei News)
(ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင်၌ ၂၀၂၁ မတ်လ ၆ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အဝင်မခံဘဲ တားဆီးထားသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - Thoo Lei News)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့သို့ ဝင်ရောက်သည့်လမ်းပိုင်း သုံးခုကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း၌ ဖျက်ဆီးလိုက်ကြောင်း ဒေသခံက ပြောသည်။

“ကျနော်တို့ ကော့ကရိတ်တောင်ပိုင်းမှာ ဒေသခံ လူထုတွေအသုံးပြုတဲ့လမ်းတွေကို ဒီနေ့ ညနေ ၅နာရီလောက်မှာ စကစတွေက ဘက်ဖိုးနဲ့လာပြီး ဖြတ်တောက်လိုက်ပြီ။ လမ်းသုံးလမ်းကို ဖြတ်တောက်လိုက်တာ။ တစ်မိုင်ကုန်းလမ်းရယ်၊ ကျိုက်ဒုံနဲ့ ကော့ကရိတ်လမ်းရယ် နောက်ပြီးတော့ တစ်မိုင်ကုန်း ဘုန်းကြီးလမ်းပေါ့။ အောက်လမ်း မြေနီလမ်းတွေပေါ့ ဘက်ဖိုးနဲ့လာပြီး ဖြတ်ထုတ်လိုက်တာပေါ့” ဟု ဒေသခံက ပြောသည်။

ထိုသို့ လမ်းများကို ဖျက်လိုက်ခြင်းမှာ စစ်ကောင်စီတပ်က ၎င်းတို့အနေဖြင့် လုံခြုံမှု မရှိတော့ဟု ယူဆ၍ ဖြစ်နိုင်သည်ဟုဒေသခံက သုံးသပ်သည်။

Public Service Announcement
Public Service Announcement

“ဒေသခံလူထုအတွက်တော့ ဖြတ်လေးဖြတ်ပုံစံ ဖြတ်ပြီးတော့ စားနပ်ရိက္ခာတွေ သယ်ယူပို့ဆောင်ရေးကိစ္စ ခရီးသွားလာမှု တွေအနှောက်အယှက်ဖြစ်အောင်လုပ်တာတစ်ပိုင်းပေါ့။ အရင်က တိုက်ပွဲဖြစ်လိုက် လမ်းခဏလေးပိတ်လိုက် ပိတ်ပြီး ဒေသခံလူထုတွေ စျေးကြို စျေးဝယ်သွားလိုက်။ အဲဒါကို ဘာမှ ဖြတ်တောက်စရာအကြောင်းမရှိဘူး။ တကယ့်တကယ် သူတို့ကိုယ်သူတို့ မလုံခြုံတဲ့ အပိုင်းဖြစ်တော့ စစ်ရေးအကြောင်းပြပြီး ဖြတ်တောက်လိုက်တဲ့ သဘောရှိတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ယခင်က KNUက လမ်းတံတားဖျက်ဆီးသည့် သောင်းကျန်းသူဟု စွပ်စွဲ ပြောဆိုခဲ့ပြီး ယခု ၎င်းတို့ကိုယ်တိုင်လမ်းများကို ပြန်လည်ဖျက်ဆီးနေကြောင်း၊ အဆိုပါဒေသ၌ ထိုးစစ်ထက် ခံစစ်အတွက် ကြိုတင်ပြင်ဆင်သည်ဟု ယူဆကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“အခုအချိန်က သောင်းကျန်းသူအဖျက်သမားက ဘယ်သူလဲဆိုတာ ပြန်မေးလိုက်မယ်ဆိုရင် ပေါ်သွားပြီပေါ့။ သူတို့ ခင်းတဲ့လမ်း သူတို့ ပြန်ဖျက်တယ်”ဟုဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။