Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် ပျူသင်တန်း​ပေး​နေ​သောကျေးရွာ၁၁ ရွာကိုစစ်မြေပြင်ဖြစ်လာနိုင်ဟု ပအဖသတိ​ပေး

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။

(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)
(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီလက်​အောက်ခံ ပျူစောထီးများကြီးစိုးသည့်ကျေးရွာ ၁၁ သည် စစ်မြေပြင် ဖြစ်လာနိုင်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်သာမြို့နယ်- ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကမေ ၂၀ ရက်က ထုတ်ပြန်သတိ​ပေးလိုက်သည်။

တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်လက်တွဲပြီး ကျေးရွာလုံခြုံရေးအမည်ခံကာ ပျူအဖွဲ့များကျေးရွာများတွင်ဖွဲ့စည်းနေပြီး ကျေးရွာများအတွင်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များရှိနေခြင်းသည် အန္တရာယ်ကြီးမားပြီး အချိန်မရွေး စစ်မြေပြင်ဖြစ်လာနိုင်သည်ဟု တောင်သာမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိ​ပေးထားသည်။

NUG ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည့် ကျေးရွာ ၁၁ ရွာမှာ ရွာသစ်(ဝဲလောင်) ၊ ထနောင်းကုန်း၊ ရသစ်၊ ဝါးကြီးအိုင်၊ တလိုင်းရွာသစ်၊ ကျွဲတလင်း၊ ဘုရားလှ၊ ကျောက်ကာ၊ တမိုက်သာ၊ ထန်းပင်ကန်နှင့်ထန်းကျင်းရွာတို့ဖြစ်သည်ဟု​ဖော်ပြထားသည်။

(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)
(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)

အဆိုပါရွာများရှိ ပြည်သူများအနေဖြင့် အေးဆေးစွာနေနိုင်ရေးအတွက် ပျူအဖွဲ့များကို ကျေးရွာအတွင်းထုတ်ပယ်ထားကြရန်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးသည်။

Public Service Announcement

Public Service Announcement

“မြို့နယ်အတွင်း မကြာမှီ စစ်မြေပြင်ဖြစ်လာနိုင်တဲ့ ပျူများကြီးစိုးတဲ့ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထိရောက်စွာအရေးယူပါတော့မယ်၊”ဟုတောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက People’s Spring သတင်းဌာနသို့သည်။

Public Service Announcement
Public Service Announcement

ထိုကြောင့် ပြည်သူလူထုကို သတိပေးခြင်းနှင့် ပျူစောထီးရွာများကို စာရင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)
(​တောင်သာနယ်ရှိ​ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က ပျူသက်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-​တောင်သာပအဖ)

“တောင်သာမြိုနယ်ထဲက ပျူစောထီးတွေလက်နက်အားကိုးနဲ့ အရမ်းသောင်းကျန်းကြတော့ မဖြစ်မနေ စစ်ရေးအရ အရေးယူရတော့မယ်ထင်တယ်။ ပြည်တွင်းစစ်ပွဲကတော့ မြင်းခြံခရိုင်ဖက် တစ်ဖြေးဖြေးရွေ့လာနေပါပြီ”ဟု တောင်သာမြို့နယ်ပြည်သူတစ်ဦးကမှတ်ချက်ပေးသည်။

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

Facebook