Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့မှုတွင် ဥရောပ ၁၀ နိုင်ငံ ထပ်တိုးလာ

ထပ်မံရရှိသော သတင်းအချက်အလက်များအရ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

(အီးယူအကြီးအကဲ ဂျိုဆက်ဘော်ရဲလ်။ဓါတ်ပုံ-EU)
(အီးယူအကြီးအကဲ ဂျိုဆက်ဘော်ရဲလ်။ဓါတ်ပုံ-EU)

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၁၆ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုကို အရေးယူပိတ်ဆို့ထားသည့် ဥရောပသမဂ္ဂ(EU)၏ဆုံးဖြတ်ချက်ကို ဥရောပရှိ နိုင်ငံ ၁၀ နိုင်ငံ ထပ်တူ အရေးယူပိတ်ဆို့မည်ဟု အီးယူအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ယမန်နေ့(မေလ ၂၃ရက်)တွင် ကြေညာသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်တွင် ချမှတ်ခဲ့သော ဥရောပကောင်စီ၏ ဆုံးဖြတ်ချက်ကို မြောက်မက်ဆီဒိုနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီယား၊ အယ်ဘေးနီးယား၊ ယူကရိန်း၊ ဘော့စနီးယား၊ ဂျော်ဂျီယာနှင့် EFTA(ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း)နိုင်ငံများဖြစ်သည့် အိုက်စလန်၊ လက်ချင်စတိန်းနှင့် နော်ဝေးတို့က လိုက်နာကျင့်သုံးမည်ဟု အီးယူအကြီးအကဲက ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလျော့ပါးစေသည့်လုပ်ဆောင်ချက်များနှင့် ဆိုးရွားပြင်းထန်သောလူ့အခွင့်အရေးချိုဖောက်မှုများအပါအဝင်ဆက်လက်စိုးရိမ်ဖွယ်အခြေအနေများကြောင့် ဥရောပကောင်စီက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများ စသည့် လူပုဂ္ဂိုလ် ၉၂ ဦးနှင့် အဖွဲ့အစည်း ၁၇ ခုကို ၂၀၂၄ ဧပြီ ၃၀ ရက်အထိ အရေးယူပိတ်ဆို့ကြောင်း ၂၀၂၃ ဧပြီ ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ထပ်မံရရှိသော သတင်းအချက်အလက်များအရ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လူပုဂ္ဂိုလ် ၂၄ ဦးနှင့် အဖွဲ့အစည်းတစ်ခု တို့ကို မကြာသေးမီက EFTA အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဆွစ်ဇာလန်က အရေးယူပိတ်ဆို့ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ ကာကွယ်ရေး အစီအမံအတွက် တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်ရေးမှာ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံ တစ်ဒါဇင်လောက်က သဘောတူထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။