Connect with us

Hi, what are you looking for?

News

ပါကစ္စတန်က မီးသတ်ဝတ်စုံဝတ်ပြီး မီးလိုက်ရှို့နေတာလို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ အိန္ဒိယ သံအရာရှိ စွပ်စွဲ

ကုလသမဂ္ဂ မိန့်ခွန်း အပြီးမှာတော့ ဒူဘီဟာ သံတမန် အသိုက်အဝန်းကရော၊ မီဒီယာတွေကပါ အာရုံစိုက်မှုတွေ ပိုပြီး ခံလာရပါတယ်။ အိန္ဒိယ မီဒီယာတွေမှာ သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို ချီးကျူးနေကြပေမယ့် ပါကစ္စတန်မှာတော့ ဒူဘီက အတော်ကြီး လူမုန်းများလာခဲ့ပါတယ်။

ပါကစ္စတန်ဆိုတာ မီးသတ်သမား ဝတ်စုံ ​ဝတ်ထားတဲ့ မီးရှို့ဖျက်ဆီးသူလို နိုင်ငံမျိုးလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အိန္ဒိယ ကိုယ်စားလှယ်က စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ငယ်ရွယ်တဲ့ အိန္ဒိယ အမျိုးသမီး သံအရာရှိလေး ဆာနီဟာ ဒူဘီဟာ ဝန်ကြီးချုပ် အင်မရမ်ခန်း ဦးဆောင်တဲ့ ပါကစ္စတန် အစိုးရဟာ အကြမ်းဖက် အဖွဲ့အစည်းတွေကို သွယ်ဝိုက် အားပေးနေတယ်လို့ သူ့ရဲ့ ၂၅ မိနစ်ကြာ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားနယ်မြေ ပိုင်ဆိုင်ခွင့် ကိစ္စနဲ့ ပတ်သက်လို့ အစဉ်အဆက် ဆက်ဆံရေး တင်းမာခဲ့တဲ့ ရန်ဘက် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ မိန့်ခွန်း အပြီးမှာတော့ ဒူဘီဟာ သံတမန် အသိုက်အဝန်းကရော၊ မီဒီယာတွေကပါ အာရုံစိုက်မှုတွေ ပိုပြီး ခံလာရပါတယ်။ အိန္ဒိယ မီဒီယာတွေမှာ သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို ချီးကျူးနေကြပေမယ့် ပါကစ္စတန်မှာတော့ ဒူဘီက အတော်ကြီး လူမုန်းများလာခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ မူဝါဒတွေကြောင့် အိန္ဒိယရဲ့ နယ်မြေတွေသာ မကဘဲ တစ်ကမ္ဘာလုံးပါ ထိခိုက်နာကျင် ခံစားနေရကြောင်း၊ ပါကစ္စတန်ဆိုတာ မီးသတ်ဝန်ထမ်း ဝတ်စုံကို ဟန်ဆောင်ဝတ်ပြီး ကိုယ်တိုင်က မီးလိုက်ရှို့နေသူမျိုး ဖြစ်ကြောင်း၊ ပါကစ္စတန်ဟာ ကိုယ့်ရဲ့ အိမ်နောက်ဖေးမှာ အကြမ်းဖက် အဖွဲ့အစည်းတွေကို မွေးမြူ ပျိုးထောင်ပေးနေပြီး အိမ်နီးချင်း နိုင်ငံတွေကို ဒုက္ခပေးနေကြောင်း ဒူဘီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဂျမူး၊ ကက်ရှ်မီးယားနဲ့ လာဒက်ခ် ဒေသအားလုံးဟာ အိန္ဒိယရဲ့ တရားဝင် ပိုင်နက်နယ်မြေ အစိတ်အပိုင်းတွေသာ ဖြစ်ကြောင်း၊ ပါကစ္စတန်က တရားလက်မဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေလည်း ပါဝင်ကြောင်း၊ ပါကစ္စတန် အနေနဲ့ အဲဒီ သိမ်းပိုက်နယ်မြေတွေကို ချက်ချင်း လက်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဒူဘီက ပြောကြားသွားပါတယ်။

သူ့ရဲ့ ကုလသမဂ္ဂ မိန့်ခွန်းအပြီး မိနစ်ပိုင်းအတွင်းမှာတင် Twitterပေါ်မှာ သူ့နာမည်နဲ့ HashTagလုပ်ပြီး ဝေမျှမှုတွေ အများအပြား ရှိလာပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၄ ကြိမ် ဖြစ်ပွားဖူးပြီး အသေးစား နယ်စပ် ပဋိပက္ခတွေနဲ့လည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပါတယ်။

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

Trending

Facebook