Connect with us

Hi, what are you looking for?

LuduNwayOo

News

ပါကစ္စတန်က မီးသတ်ဝတ်စုံဝတ်ပြီး မီးလိုက်ရှို့နေတာလို့ ကုလသမဂ္ဂ မိန့်ခွန်းမှာ အိန္ဒိယ သံအရာရှိ စွပ်စွဲ

ကုလသမဂ္ဂ မိန့်ခွန်း အပြီးမှာတော့ ဒူဘီဟာ သံတမန် အသိုက်အဝန်းကရော၊ မီဒီယာတွေကပါ အာရုံစိုက်မှုတွေ ပိုပြီး ခံလာရပါတယ်။ အိန္ဒိယ မီဒီယာတွေမှာ သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို ချီးကျူးနေကြပေမယ့် ပါကစ္စတန်မှာတော့ ဒူဘီက အတော်ကြီး လူမုန်းများလာခဲ့ပါတယ်။

ပါကစ္စတန်ဆိုတာ မီးသတ်သမား ဝတ်စုံ ​ဝတ်ထားတဲ့ မီးရှို့ဖျက်ဆီးသူလို နိုင်ငံမျိုးလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အိန္ဒိယ ကိုယ်စားလှယ်က စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ငယ်ရွယ်တဲ့ အိန္ဒိယ အမျိုးသမီး သံအရာရှိလေး ဆာနီဟာ ဒူဘီဟာ ဝန်ကြီးချုပ် အင်မရမ်ခန်း ဦးဆောင်တဲ့ ပါကစ္စတန် အစိုးရဟာ အကြမ်းဖက် အဖွဲ့အစည်းတွေကို သွယ်ဝိုက် အားပေးနေတယ်လို့ သူ့ရဲ့ ၂၅ မိနစ်ကြာ ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားနယ်မြေ ပိုင်ဆိုင်ခွင့် ကိစ္စနဲ့ ပတ်သက်လို့ အစဉ်အဆက် ဆက်ဆံရေး တင်းမာခဲ့တဲ့ ရန်ဘက် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ပါတယ်။

ကုလသမဂ္ဂ မိန့်ခွန်း အပြီးမှာတော့ ဒူဘီဟာ သံတမန် အသိုက်အဝန်းကရော၊ မီဒီယာတွေကပါ အာရုံစိုက်မှုတွေ ပိုပြီး ခံလာရပါတယ်။ အိန္ဒိယ မီဒီယာတွေမှာ သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို ချီးကျူးနေကြပေမယ့် ပါကစ္စတန်မှာတော့ ဒူဘီက အတော်ကြီး လူမုန်းများလာခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ မူဝါဒတွေကြောင့် အိန္ဒိယရဲ့ နယ်မြေတွေသာ မကဘဲ တစ်ကမ္ဘာလုံးပါ ထိခိုက်နာကျင် ခံစားနေရကြောင်း၊ ပါကစ္စတန်ဆိုတာ မီးသတ်ဝန်ထမ်း ဝတ်စုံကို ဟန်ဆောင်ဝတ်ပြီး ကိုယ်တိုင်က မီးလိုက်ရှို့နေသူမျိုး ဖြစ်ကြောင်း၊ ပါကစ္စတန်ဟာ ကိုယ့်ရဲ့ အိမ်နောက်ဖေးမှာ အကြမ်းဖက် အဖွဲ့အစည်းတွေကို မွေးမြူ ပျိုးထောင်ပေးနေပြီး အိမ်နီးချင်း နိုင်ငံတွေကို ဒုက္ခပေးနေကြောင်း ဒူဘီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဂျမူး၊ ကက်ရှ်မီးယားနဲ့ လာဒက်ခ် ဒေသအားလုံးဟာ အိန္ဒိယရဲ့ တရားဝင် ပိုင်နက်နယ်မြေ အစိတ်အပိုင်းတွေသာ ဖြစ်ကြောင်း၊ ပါကစ္စတန်က တရားလက်မဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေလည်း ပါဝင်ကြောင်း၊ ပါကစ္စတန် အနေနဲ့ အဲဒီ သိမ်းပိုက်နယ်မြေတွေကို ချက်ချင်း လက်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဒူဘီက ပြောကြားသွားပါတယ်။

သူ့ရဲ့ ကုလသမဂ္ဂ မိန့်ခွန်းအပြီး မိနစ်ပိုင်းအတွင်းမှာတင် Twitterပေါ်မှာ သူ့နာမည်နဲ့ HashTagလုပ်ပြီး ဝေမျှမှုတွေ အများအပြား ရှိလာပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ပွဲ ၄ ကြိမ် ဖြစ်ပွားဖူးပြီး အသေးစား နယ်စပ် ပဋိပက္ခတွေနဲ့လည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။