Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် မိုင်းထိစစ်သားများတင်ဆောင်လာသောယာဉ်အား ဒေသတွင်း PDFများ တိုက်ခိုက်

မိုင်းထိမှုကြောင့် စစ်သားအများအပြား ဒဏ်ရာရရှိကာ လှတောအထိုင်စခန်းသို့ ထမ်းခေါ်သွားခဲ့ကြောင်း တိုက်နယ်(ပကဖ)အဖွဲ့က ပြောသည်။

(ပင်းဇင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ-Wet Let Information Network)
(ပင်းဇင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ-Wet Let Information Network)

▪️စစ်သား နှစ်ဦးသေဆုံးပြီး PDFရဲဘော် တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းပိုင်းပေါ်တွင် မိုင်းထိစစ်သားများတင်ဆောင်လာသော ယာဉ်အား ဒေသတွင်း PDF များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးပြီး PDFရဲဘော် တစ် ဦး ကျဆုံးခဲ့ရကြောင်း တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တာဝန်ခံက ပြောသည်။

ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက် ဆီးနေသော ခမရ( ၃၆၄)မှ စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်က လှတောတိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်စဥ် ဒေသခံ ပကဖနှင့် PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းထိမှုကြောင့် စစ်သားအများအပြား ဒဏ်ရာရရှိကာ လှတောအထိုင်စခန်းသို့ ထမ်းခေါ်သွားခဲ့ကြောင်း တိုက်နယ်(ပကဖ)အဖွဲ့က ပြောသည်။

အဆိုပါ လူနာများအား ရွှေဘိုဆေးရုံကြီးသို့ ပို့မည်ဟု သတင်းရ၍ စိုင်နိုင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)နှင့် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းပြီး ရွှေဘို-မန္တလေး ကားလမ်းပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့စစ်ဆေးမှုပြုလုပ်စဥ် CANDA(အဖြူ) လေကွဲ(အစိမ်း) ကားတစ်စီးမှာ ပြည်သူ့ကာကွယ် ရေးအဖွဲ့များ စစ်ဆေးမှုကိုမြင်သဖြင့် ဆက်လက် မမောင်းဘဲ နောက်ပြန်လှည့်၍ မောင်းနှင်သွားသောကြောင့် ခြောက်လှန့်ပစ်ခက်ခဲ့ရာ ပြန်လည်ပစ်ခက်ခဲ့သောကြောင့် (၅)မိနစ်ခန့် အပြန်အလှန်ပစ်ခက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း တိုက်နယ်(ပကဖ)အဖွဲ့က ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က နှစ်ဦးသေဆုံးပြီး PDFတပ်ရင်းဘက်မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရကြောင်း တိုက်နယ်(ပကဖ)အဖွဲ့က ဆိုသည်။

“သူတို့က ကားပေါ်ကနေ စက်ကလေးနဲ့ ရမ်းသမ်းပစ်ခက်တာ။ အပြန်အလှန်ပစ်ခတ်ရင်း ရဲဘော်တစ်ယောက် ဆီးခုံကျဥ်ထိမှန်ပြီး ကျဆုံးရတာပါ။”ဟု တိုက်နယ်(ပကဖ)အဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ ရွှေဘိုခရိုင် တပ်ရင်း(၁)၊ ရွှေဘိုခရိုင်တပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်ရှိ ပင်းဇင်းရွာကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ပျက်စီးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးကားလမ်းပေါ်ရှိ ဘုန်းဘွဲ့ကျေးရွာတွင်အခြေချတပ်စွဲထားကြောင်း၊ ထိုစစ်အုပ်စုအား ဝက်လက်နှင့်ရွှေဘိုပကဖများ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ၍ ရွှေဘို- မန္တလေး ကားလမ်းပိုင်းကို ယနေ့ မေလ ၂၇ ရက်နေ့မှစ၍ မည်သည့်ယာဥ်မှ သွားလာခြင်းမပြုဘဲ ကူညီပေးကြရန် ဒေသတွင်း ပကဖအဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။