Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏သတ်ဖြတ်မှုခံခဲ့ရသော ပြည်သူသုံးဦးမိသားစုအတွက် မြိုင် PDFက ကျပ်ငါးသိန်းစီထောက်ပံ့

သေဆုံးသူ သုံးဦးအနက်တစ်ဦးသည် မီးရှိူ့သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များသည် အေးချမ်းသာစံပြရွာရှိ ဆိုင်ကယ်များနှင့် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြော သည်။

(အေးချမ်းသာ စံပြရွာအတွင်း စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားခဲ့သည့်မြင်ကွင်းများ၊ ဓာတ်ပုံ-Cj)

မကွေးတိုင်း မြိုင်မြို့နယ် အေးချမ်းသာစံပြရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသော ပြည်သူသုံးဦး၏ ကျန်ရစ်သူမိသားစုအတွက် မြိုင် PDF က ကျပ်ငါးသိန်းစီထောက်ပံ့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၄ ရက်က စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်မှုကြောင့် အေးချမ်းသာစံပြရွာမှ လူငယ်သုံးဦး သေဆုံးခဲ့ရပြီး ကျန်ရစ်သူမိသားစု သုံးစုအတွက် တစ်မိသားစုလျှင် ကျပ်ငါးသိန်းစီထောက်ပံ့ခဲ့သည်။ ထို့အပြင် အခင်းဖြစ်ရာ အေးချမ်းသာစံပြရွာအတွက်လည်း ကျပ်သုံးသိန်းထောက်ပံ့ခဲ့ပြီး ပြည်သူများမှ လှူဒါန်းထားသည့် ငွေထဲမှ ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDF က အသိပေးသည်။

(အေးချမ်းသာ စံပြရွာအတွင်း စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားခဲ့သည့်မြင်ကွင်းများ၊ ဓာတ်ပုံ-Cj)

သေဆုံးသူ သုံးဦးအနက်တစ်ဦးသည် မီးရှိူ့သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များသည် အေးချမ်းသာစံပြရွာရှိ ဆိုင်ကယ်များနှင့် ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြော သည်။

မြိုင်မြို့နယ် အေးချမ်းသာစံပြရွာသည် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း၊ တိုင်းနှစ်တိုင်း၏ နယ်စပ်ဖြစ်ပြီး အဆိုပါနယ်တစ်ဝိုက်ရှိ ကျေးရွာများမှာ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများ မကြာခဏခံနေရ၍ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook