Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကွယ်လွန်

သူဟာ ကမ္ဘာကျော် ဘောလုံးကလပ် အေစီမီလန်ကို ပိုင်ဆိုင်ဖူးခဲ့တဲ့ အတွက်လည်း အားကစား နယ်ပယ်မှာပါ လူသိများခဲ့ပါတယ်။

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကွယ်လွန်
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကွယ်လွန်

အီတလီ ဝန်ကြီးချုပ်ဟောင်း၊ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဆီလ်ဗီယို ဘာလူစကိုနီဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

အီတလီရဲ့ အကြီးမားဆုံး သတင်းဌာန တစ်ခုဖြစ်တဲ့ Ansaက ဘာလူစကိုနီ ကွယ်လွန်မှု သတင်းကို ဇွန် ၁၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဘီလီယံနာ သူဌေးကြီး တစ်ဦးဖြစ်တဲ့ ဘာလူစကိုနီဟာ ၁၉၉၄ ကနေ ၂၀၁၁ ခုနှစ်ထိ အတောအတွင်း အီတလီ အစိုးရ အဖွဲ့ ၃ ခုကို ဦးဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ဖော်ဇာ အီတာလီယာ ပါတီဟာ လောလောဆယ် အီတလီ ညွန့်ပေါင်း အစိုးရထဲမှာ ပါဝင်နေပါတယ်။

ဘာလူစကိုနီဟာ အီတလီမှာ လူပြောအများဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်ခဲ့ပြီး သူ့ရဲ့ ရှုပ်ထွေးတဲ့ လူနေမှုဘဝ ပုံစံတွေကလည်း အငြင်းပွားစရာတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ ဒါ့အပြင် လိင်မှု အရှုပ်တော်ပုံ၊ အဂတိ လိုက်စားမှု၊ အခွန်ရှောင်မှုတွေနဲ့ စွပ်စွဲခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ နိုင်ငံရေး လောကထဲ တကျော့ပြန် ခြေချလာခဲ့တာပါ။

သူဟာ ကမ္ဘာကျော် ဘောလုံးကလပ် အေစီမီလန်ကို ပိုင်ဆိုင်ဖူးခဲ့တဲ့ အတွက်လည်း အားကစား နယ်ပယ်မှာပါ လူသိများခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာလူစကိုနီဟာ အဆုတ်ထဲ ပိုးမွှားဝင်ရောက်မှုနဲ့ ရှိရင်းစွဲ ပြင်းထန် သွေးကင်ဆာ ရောဂါတို့ကြောင့် မီလန်မြို့က ဆန်ရာဖယ်လေ ဆေးရုံမှာ သီတင်း ခြောက်ပတ်ကြာ တက်ရောက်ခဲ့ရဖူးပါတယ်။ အခုလည်း သူဟာ အဲဒီဆေးရုံမှာ ပြန်တက်ပြီး ရက်ပိုင်းအကြာမှာ ကွယ်လွန်သွားခဲ့တာပါ။

လူလတ်တန်းစား မိသားစုက ပေါက်ဖွားလာတဲ့ ဘာလူစကိုနီဟာ အိမ်ခြံမြေ အကျိုးဆောင်အဖြစ် စီးပွားရေးသမား ဘဝကို အစပြုခဲ့ပေမယ့် အီတလီရဲ့ အကြီးဆုံး စီးပွားဖြစ် မီဒီယာ လုပ်ငန်းစုကြီး Mediasetကို ထူထောင်နိုင်ချိန်မှာ အကြီးအကျယ် အောင်မြင်ပြီး ကြွယ်ဝ ချမ်းသာလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၉၃ ခုနှစ်မှာ ဖော်ဇာ အီတာလီယာ ပါတီကို ထူထောင်ပြီး နိုင်ငံရေး နယ်ပယ်ထဲ စတင် ဝင်ရောက်ခဲ့ပါတယ်။

နောက်တော့ သူဟာ အရင်က အစိုးရဝန်ထမ်း အတွေ့အကြုံ မရှိဘဲ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပထမဆုံး အီတလီ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဘာလူစကိုနီဟာ အိမ်ထောင် နှစ်ဆက် ကျခဲ့ဖူးပြီး ကလေး ၅ ဦး ကျန်နေခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာ စစ်တပ်ကစနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ကုလသမဂ္ဂမှာ အီတလီနိုင်ငံက ရှုတ်ချသွားခဲ့ပါတယ်။