Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

တရုတ်နဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ဖို့အပြင် ထိုင်ဝမ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် အကြောင်းအရာ တော်တော်များများကို ထည့်သွင်း ညှိနှိုင်းသွားမယ်လို့ ယုံကြည်ရပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

နှစ်နိုင်ငံကြား ဆက်ဆံရေး အခြေအနေတွေ တရိပ်ရိပ် ဆိုးရွားလာတာကို ကုစား အဖြေရှာဖို့ အရေးကြီးတဲ့ ခြေလှမ်း တခုအနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်မှာ ဘလင်ကန်ဟာ ၅ နှစ်အတွင်း တရုတ်မြေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် ခြေချမှု အနေနဲ့ ဘေဂျင်းမြို့တော်ကို ဆိုက်ရောက်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံကြီး နှစ်ခုဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေမှာ မကြုံစဖူး တင်းတင်းမာမာ အဆင့်မျိုးတွေထိ ရောက်ရှိနေခဲ့ပါတယ်။

ဘလင်ကန်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်က ဘေဂျင်းမြို့တော်မှာရှိတဲ့ နိုင်ငံတော် ဧည့်ဂေဟာမှာ ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးဟာ နိုင်ငံတော် အလံတွေကို နောက်ခံထားပြီး လက်ဆွဲနှုတ်ဆက်ရင်း ဓာတ်ပုံ အရိုက်ခံခဲ့ကြသလို လူအများရှေ့မှာ အင်္ဂလိပ် ဘာသာနဲ့ နှုတ်ခွန်းဆက်စကား အနည်းအကျဉ်းလောက် ပြောခဲ့ကြပါတယ်။

ဆွေးနွေးပွဲ မစခင် အစည်းအဝေး ခန်းမထဲထိ သတင်းထောက်တွေကို မိနစ်ပိုင်းလောက် ဝင်ရောက် မှတ်တမ်းယူခွင့် ပေးခဲ့ပေမယ့် ချင်ရော၊ ဘလင်ကန်ပါ မီဒီယာတွေကို ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဘလင်ကန်ဟာ ဇွန်လ ၁၉ ရက်ထိ ဘေဂျင်းမှာ ရှိနေမှာဖြစ်ပြီး တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ် ဝမ်ယိ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ပါ တွေ့ဆုံဖြစ်မယ်လို့ ယူဆရပါတယ်။

ဘလင်ကန်ဟာ နှစ်ဆန်းပိုင်းလောက် ကတည်းက တရုတ်ကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် တရုတ်ရဲ့ သူလျှို မိုးပျံပူဖောင်း အမေရိကန် လေပိုင်နက်ထဲ ကျူးကျော်လာလို့ အမေရိကန် လေတပ်က ပစ်ချခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပြီး ခရီးစဉ်ကို လနဲ့ချီ ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ဖို့အပြင် ထိုင်ဝမ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် အကြောင်းအရာ တော်တော်များများကို ထည့်သွင်း ညှိနှိုင်းသွားမယ်လို့ ယုံကြည်ရပါတယ်။

ဘိုင်ဒန်ရဲ့ ဘေဂျင်းခရီးစဉ်သာ အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့မယ်ဆိုရင် လာမယ့် လပိုင်းတွေအတွင်း ဝါရှင်တန်နဲ့ ဘေဂျင်းမှာ နောက်ဆက်တွဲ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ အများအပြား ပေါ်ပေါက်လာဖို့ လမ်းသစ် ဖောက်ပေးနိုင်ဖွယ် ရှိနေကြောင်းလည်း လေ့လာသူတွေက သုံးသပ် ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။