Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေဟု ဒေသခံပြော

ကော့ကရိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် ယခင်ကလည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ပေါ်တိုက်ပွဲများလည်းရှိခဲ့သည်။

(KNU တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တို့ ယနေ့နေ့လည်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ချပြန်ပြီ။ ကော့ကရိတ် ရေကူးကန်နဲ့ ကမိုင်ကုန်းကြားမှာ လက်နက်ကြီးကမိုးရွာသလိုပဲကျတယ်။ ကော့ကရိတ်ရေကူးကန်မှာ ရှိနေတဲ့ စကစတွေကို ဒီက တပ်ဖွဲ့တွေက ဝင်ရောက်ပြီးတော့ တိုက်ခိုက်တဲ့ သဘောတော့ရှိတယ်ထင်တယ်။ အဲဒီလို ပုံစံမျိုးဖြစ်မယ်။ တိတိကျကျ မဖော်ပြတက်ဘူး” ဟု ဒေသခံက ပြောသည်။

တိုက်ပွဲ၌ ထိုခိက်ကျဆုံး အခြေအနေကို မကြားသိရသေးဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“တိုက်ခိုက်မှုက နေ့လည် ၁၂နာရီ ကျော်တာနဲ့ စပြီးဖြစ်တယ်။ အခုထိပေါ့။ အခုထိလည်းကြားနေရတုန်းပဲ”ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ည ၈နာရီခွဲခန့်တွင် ပြောကြားသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်မြို့နှင့် အနီးတစ်ဝိုက်တွင် ယခင်ကလည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြို့ပေါ်တိုက်ပွဲများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။