Connect with us

Hi, what are you looking for?

News

ယောနယ်တွင် ငါးရက်အတွင်းအရာရှိအပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင်၃၀​ကျော်ကို သုတ်သင်နိုင်ခဲ့ဟု ထုတ်ပြန်

ယောဒေသတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဖြစ်‌​သော ချင်းပြည်နယ် ကန်ပက်လက်CDFကလည်း Yaw Defence Forceနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယောနယ်တွင် စက်တင်ဘာ ၂၅ရက်ကစတင်သည့် ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၃၀ ကျော်သုတ်သင်နိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ သုံးဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ယောPDFက ထုတ်ပြန်သည်။

ဆောနှင့်ကျောက်ထုမြို့ ပူးပေါင်းဖွဲ့စည်းထားသည့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Yaw Defence Force)က အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာတိုက်ပွဲအခြေအနေကို ယမန်နေ့(စက်တင် ဘာ ၃၀ရက်)ညက ထုတ်ပြန် ခြင်းဖြစ်သည်။

” စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက် စကစ ဘက်မှ အရာရှိများအပါအဝင် (၃၀) ကျော်သေဆုံးပါသည်။ဒေသခံကာကွယ်ရေးတပ်မှ (၃) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး အပြစ်မဲ့ပြည်သူ (၃) ဦး အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံရပါသည်” ဟု ပြည်သူလူထုအား ရှင်းပြအသိပေးသည်။

ယောဒေသတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဖြစ်‌​သော ချင်းပြည်နယ် ကန်ပက်လက်CDFကလည်း Yaw Defence Forceနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်းဒေသကြီးတွင်ပါဝင်ပြီး ချင်းပြည်နယ်နှင့် ထိစပ်နေသော ယောနယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ခဲ့ရာတွင် အားကောင်းခဲ့သလို လက်နက်ကိုင်ခုခံတော်လှန်ရာတွင်လည်း တက်ကြွသည့်ဒေသဖြစ်သည်။

(​ယော PDFကို ​ထောက်ခံဆန္ဒပြ​နေသည့် ဆရာ​တော်တစ်ပါးကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကိုရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်ရာဇာ တစ်ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း မက္ကဆီကို အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။