ယောနယ်တွင် စက်တင်ဘာ ၂၅ရက်ကစတင်သည့် ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၃၀ ကျော်သုတ်သင်နိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ သုံးဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ယောPDFက ထုတ်ပြန်သည်။
ဆောနှင့်ကျောက်ထုမြို့ ပူးပေါင်းဖွဲ့စည်းထားသည့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Yaw Defence Force)က အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာတိုက်ပွဲအခြေအနေကို ယမန်နေ့(စက်တင် ဘာ ၃၀ရက်)ညက ထုတ်ပြန် ခြင်းဖြစ်သည်။
” စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ထိတွေ့တိုက်ပွဲများတွင် အကြမ်းဖက် စကစ ဘက်မှ အရာရှိများအပါအဝင် (၃၀) ကျော်သေဆုံးပါသည်။ဒေသခံကာကွယ်ရေးတပ်မှ (၃) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး အပြစ်မဲ့ပြည်သူ (၃) ဦး အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံရပါသည်” ဟု ပြည်သူလူထုအား ရှင်းပြအသိပေးသည်။
ယောဒေသတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဖြစ်သော ချင်းပြည်နယ် ကန်ပက်လက်CDFကလည်း Yaw Defence Forceနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement
မကွေးတိုင်းဒေသကြီးတွင်ပါဝင်ပြီး ချင်းပြည်နယ်နှင့် ထိစပ်နေသော ယောနယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖော်ခဲ့ရာတွင် အားကောင်းခဲ့သလို လက်နက်ကိုင်ခုခံတော်လှန်ရာတွင်လည်း တက်ကြွသည့်ဒေသဖြစ်သည်။
(ယော PDFကို ထောက်ခံဆန္ဒပြနေသည့် ဆရာတော်တစ်ပါးကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)


















































