Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ ပူးပေါင်းတပ်မှ တစ်ဦးကျဆုံးဟု ကျားသစ်နက်စစ်ကြောင်း အသိပေး

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ် အသုံးပြုပြီး သုံးကြိမ် ဗုံးကြဲတိုက်ခိုက်သကဲ့သို့ ကော့ကရိတ်အခြေစိုက် ခလရ(၉၇) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း)
(ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တစ်မိုင်ကုန်းကျေးရွာရှိ စစ်ကောင်စီ၏ ရေကူးကန် တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့ကြောင်း တိုက်ပွဲ၌ ပါဝင်သည့် ကျားသစ်နက်စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၁ရက်‌ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို KNU/KNLA တပ်ရင်း(၁၈)၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ် အသုံးပြုပြီး သုံးကြိမ် ဗုံးကြဲတိုက်ခိုက်သကဲ့သို့ ကော့ကရိတ်အခြေစိုက် ခလရ(၉၇) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း တိုက်ပွဲမှာ ပြင်းထန်ပြီး နေ့လည်ပိုင်းမှ ညပိုင်းအထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု တိုက်ပွဲဖြစ်သည့်နေ့၌ People’s Spring သို့ ပြောကြားထားသည်။

အဆိုပါ ကော့ကရိတ်မြို့နယ်သည် KNU တပ်မဟာ(၆)နယ်မြေဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားမီကလည်း စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ထို့ပြင် စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံက ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေတွင် မေလအတွင်းကလည်း တိုက်ပွဲ ၃၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၆ဦးသေဆုံးကာ ၄၀ဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ထုတ်ပြန်အသိပေးထားသည်။ မေလတိုက်ပွဲများ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတစ်ဦး ကျဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ သုံးဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၇ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။