Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်အဆုံးသတ်နိုင်ရေး နွေဦးတော်လှန်ရေးဖြင့် သက်သေပြရမည်ဟု ကာကွယ်ရေးဒုဝန်ကြီး ပြော

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် နှစ်နှစ်ကျော်ကာလအတွင်း PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ကျော်ဖွဲ့စည်းထားနိုင်သကဲ့သို့ မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ရပ်ရွာအခြေပြု ပကဖ အဖွဲ့များ တည်ထောင်ထားသည်။

ဒုတိယဝန်ကြီး နိုင်ကောင်းရွက်အား တွေ့စဉ်
ဒုတိယဝန်ကြီး နိုင်ကောင်းရွက်အား တွေ့စဉ်

နွေဦးတော်လှန်ရေးဖြင့် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည်ဖြစ်ပြီး ပြည်သူ့အင်အားကို စစ်အာဏာရှင်များ အနိုင်မယူနိုင်ဘူးဆိုသည်ကို သက်သေပြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)များဖွဲ့စည်းခြင်း (၂)နှစ်ပြည့်သို့ ပေးပို့သော ဒုဝန်ကြီး၏ သတင်းစား၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနွေဦးတော်လှန်ရေးနဲ့ပဲ ငါတို့မြေပေါ်မှာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ်။ စစ်အာဏာရှင် အောက်မှာ ငါတို့မျိုးဆက်သစ်တွေ အတိမ်မြုပ်မခံနိုင်သလို ငါတို့မြေ ပေါ်မှာလဲ စစ်အာဏာရှင်စနစ် ရှင်သန်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးသတ် တိုက်ပွဲဖြစ်တယ်”ဟု ဒုဝန်ကြီးက ပြောသည်။

နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်၍ နိုင်ကိုနိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူကို ငါတို့သစ္စာခံတယ်။ အနိုင်ရသည်အထိတော်လှန်သွားမယ်။ စစ်မိစ္ဆာသည် ပြည်သူ့ အင်အားကို မနိုင်ဘူးဆိုတာကို ငါတို့သက်သေပြမယ်”ဟု ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောသည်။

(မကွေးတိုင်းအတွင်းရှိ PDF တပ်ရင်း ငါးခုအား NUG က ဇွန်လ ၂၃ရက်တွင် လက်နက်တပ်ဆင်ပေးခဲ့စဉ်။ ဓာတ်ပုံ - MOD- NUG)
(မကွေးတိုင်းအတွင်းရှိ PDF တပ်ရင်း ငါးခုအား NUG က ဇွန်လ ၂၃ရက်တွင် လက်နက်တပ်ဆင်ပေးခဲ့စဉ်။ ဓာတ်ပုံ – MOD- NUG)

နိုင်ငံ၌ စစ်အာဏာရှင်စနစ်ရှိနေသ၍ နွေဦးတော် လှန်ရေးသည် ဆက်လက်ရှင်သန်နေပြီး ဆက်လက် တော်လှန်နေမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး၏ အဆုံးသတ်သည် ပန်းတိုင်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“အသက်၊ သွေး၊ ချွေးနဲ့ရင်းပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ကြမယ်။ နွေဦးတော်လှန်ရေး အောင်မှဖြစ်မယ်။ ငါတို့ဟာ စစ်မိစ္ဆာကို ချေမှုန်းဖို့ တော်လှန်ခဲ့တာဖြစ်လို့ စစ်ဖိနပ်အောက်တော့ ပြန်သွားမှာမဟုတ်ဘူး။ ခြေလှမ်းဦးတည်ရာ ပြန်လှည့်မှာမဟုတ်ဘဲ အဆုံးထိ ရောက်အောင် ဆက်လျှောက်မယ်။ ဒီနွေဦးတော်လှန်ရေးနဲ့ပဲ ငါတို့မြေပေါ်မှာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ်။ စစ်အာဏာရှင်အောက်မှာ ငါတို့မျိုးဆက်သစ်တွေ အတိမ်မြုပ်မခံနိုင်သလို ငါတို့မြေ ပေါ်မှာလဲ စစ်အာဏာရှင်စနစ် ရှင်သန်ခွင့်ပြုမှာမဟုတ်ဘူး”ဟု ဒုဝန်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)များကို မြို့နယ် အလိုက်ကျေးရွာအလိုက်ဖွဲ့စည်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် နှစ်နှစ်ကျော်ကာလအတွင်း PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ကျော်ဖွဲ့စည်းထားနိုင်သကဲ့သို့ မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ရပ်ရွာအခြေပြု ပကဖ အဖွဲ့များ တည်ထောင်ထားသည်။

“လူအင်အားအရ ကျနော်တို့ရဲ့ တိုက်ခိုက်ရေးအင်အားဟာ ရန်သူ့(စစ်ကောင်စီတပ်)ထက် သာလွန်အင်အားဖြစ်အောင် စုဖွဲ့တည်ထောင်နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက မေလအတွင်းက အသိပေးပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။