Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တွင် စစ်တပ်စစ်​ကြောင်းကို KIA နှင့်PDFပူး​ပေါင်းတိုက်ရာ စစ်​ကြောင်းပြန်ဆုတ်​ပြေး

စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၄ရက်နေ့လည် ၁၂နာရီ၂၅မိနစ်တွင် ဒရုန်းဖြင့်စတင်တိုက်ခိုက်ပြီး လက်နက်ကြီးများ ဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့)
(PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့)

ကသာမြို့နယ်၊ မြေနုကျေးရွာနှင့်မိုးတားလေးကျေးရွာတွင် စစ်‌ကောင်စီစစ်ကြောင်းအား KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့(ဇူလိုင်လ ၄ရက်) နေ့လည်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်စစ်ကြောင်းသည် ဆုတ်ခွာပြေးသွားကြောင်း ​PDF အချို့က​ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၄ရက်နေ့လည် ၁၂နာရီ၂၅မိနစ်တွင် ဒရုန်းဖြင့်စတင်တိုက်ခိုက်ပြီး လက်နက်ကြီးများ ဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဒရုန်းနဲ့ ချတာ ထိချက် မှန်တယ်။ စစ်ကောင်စီဘက်က လက်နက်ငယ် တစ်ချက်ပဲ ပြန်ပစ်နိုင်တယ်။သူတို့ဆုတ်သွားတယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါ တိုက်ပွဲကို KIA နှင့်အတူ မိုးတားတိုက်နယ် ပကဖ၊ မြို့မတိုက်နယ်ပကဖကယတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

(PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့)
(PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့)

လတ်တလောတွင် ကသာမြို့နယ်အတွင်းပါဝင်သော ချောင်းဝကျေးရွာအပါအဝင်စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မှ ကျေးရွာအချို့တွင် စစ်ရေးတင်းမာနေသည်။

ဇူလိုင်လ ၄ရက် နံနက် ၆နာရီခန့်က ချောင်းဝကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းကို မြို့လှPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။ ထိုစစ်ကောင်စီစစ်ကြောင်းက ချောင်းဝကျေးရွာအတွင်းဝင်ရောက်ကာ ဒေသခံများ၏နေအိမ်ဆယ်လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။