Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်၊​ ညောင်​ခြေ​ထောက်ရွာကို စစ်တပ်ကမီးရှို့၍ ​နေအိမ် ၁၀၀ ​ကျော်မီး​လောင်

ညောင်ခြေထောက်ရွာသည်အိမ်ခြေ ၂၀၀ ခန့်​သောရွာဖြစ်ပြီးစစ်ကောင်စီတပ်က ဇွန်လ ၁ရက်က မီးရှို့ဖျက်ဆီးမှုတွင် အိမ်ခြေ ၁၀၀ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။

(​ညောင်​ခြေ​ထောက်ရွာ မီးရှို့ခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)
(​ညောင်​ခြေ​ထောက်ရွာ မီးရှို့ခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ)

ကသာမြို့နယ် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး​နောက်စစ်တပ်ကရွာမှ အိမ်ခြေ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်‌ကောင်စီတပ်နှင့်​ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များသည် ညောင်ခြေထောက်ရွာအနီးတွင် ဇွန်လ ၁ရက် ညနေပိုင်းကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားသည်။

“စစ်တပ်ဘက်ကခုနှစ်ယောက်ဒဏ်ရာရတယ်။ ကာကွယ်ရေးရဲဘော်တစ်ယောက် ဒဏ်ရာရတယ်။ရွာအနားမှာတိုက်ပွဲဖြစ်တော့ရွာကို မီးရှို့သွားတော့တာ” ဟုကသာမြို့မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၃၀ရက်မှစ၍ထီးချိုင့်နှင့်ကသာနယ်စပ်ကျေးရွာများကို အင်အား ၂၀၀ ခန့်ဖြင့်စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်​ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ ထိုစစ်ကြောင်းသုံးကြောင်းအနက်မှတစ်ကြောင်းသည် ဇွန်လ ၁ရက်တွင် ညောင်ခြေထောက်ရွာအနီး ရောက်လာစဉ်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ​ကြောင့် ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ညောင်ခြေထောက်ရွာသည်အိမ်ခြေ ၂၀၀ ခန့်​သောရွာဖြစ်ပြီးစစ်ကောင်စီတပ်က ဇွန်လ ၁ရက်က မီးရှို့ဖျက်ဆီးမှုတွင် အိမ်ခြေ ၁၀၀ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။

ညောင်ခြေထောက်ရွာကို မီးရှို့ဖျက်ဆီးသွားသည့်စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇွန်လ ၃ရက်)တွင် အင်းရွာသို့ရောက်ရှိ‌နေသည်ဟု ​ဒေသခံများက​ပြောသည်။စစ်ကောင်စီစစ်ကြောင်းဝင်နေ၍ ဒေသခံများ လုံခြုံရေးသတိရှိနေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် တပ်ရင်း ၁က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။