Connect with us

Hi, what are you looking for?

သတင်း

ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ

စခန်းကို ည ၁၀ နာရီ ၅ မိနစ်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာသတင်းထုတ်ပါတယ်။

ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ
ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကိုဆက်သွယ်ထားတဲ့ အမှတ် ၈ လမ်းမကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး စခန်းကုန်းကို မနေ့ညပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

အဲဒီစခန်းဟာ ရေး − ထားဝယ်လမ်းပိုင်းရဲ့ မိုင်တိုင် ၁၄ အနီးမှာရှိပြီး စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၅၉၁ တပ်က ဗိုလ်အဆင့် ဦးစီးကာ ဆက်သွယ်ရေးတာဝါတိုင်နဲ့ မလွဲတောင်တံတားကို လုံခြုံရေးယူထားတာပါ။

Public Service Announcement
Public Service Announcement

စခန်းကို ည ၁၀ နာရီ ၅ မိနစ်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာသတင်းထုတ်ပါတယ်။

စီးနင်းတိုက်ခိုက်မှုမှာ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အမှတ် ၈ လမ်းမကြီးမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေဟာ နယ်မြေစိုးမိုးရေးအတွက် ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး လမ်းပိုင်းတလျောက်ကင်းလှည့်တာ ၊ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။