Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

စစ်ကောင်စီတပ်မှ ပစ်ခတ်သော (၁၂၀) မမ လက်နက်ကြီးကျည်များသည် ဘန်လောရွာအနီး ရေပေါ်ရွာဘုရားကုန်းသို့ကျရောက်သဖြင့် ဘုရားရင်ပြင်တော်ထိခိုက်ပျက်စီးသည့်အပြင် စေတီတော်တွင်လည်း လက်နက်ကြီးဆများ ထိမှန်ခဲ့ကြောင်း သိရသည်။

(စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ ပျက်စီးသွားသော ဘုရားကုန်းအား တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)
(စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ ပျက်စီးသွားသော ဘုရားကုန်းအား တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကါယ်ရေးတပ်(PDF)ပူးပေါင်းတပ်များ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)မှ အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းသည် ဇွန်လ ၁၇ ရက်ကစပြီး ဘန်လောရွာနှင့် သမီးလှအရှေ့ကမ်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာရာ မြိတ်ခရိုင် PDF တပ်ရင်း(၂)၊ တနင်္သာရီ (ပကဖ)၊ KTLA-TCJF(တနင်္သာရီ)၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း စသည့် မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ ၅၆၁ တပ်ထဲကနေထွက်တာနဲ့ ပထမဆုံးတွေ့ရတာက (၆)မိုင်ရွာဗျ၊ အဲဒီကနေ ဆက်သွားရင် ဘန်လောရွာ၊ ဘန်လောကနေ တခူရွာအထိက ကျွန်တော်တို့ နယ်မြေစိုးမိုးထားတယ်ဗျ။ ဒါကြောင့်ဒီကောင်တွေဘက်က စစ်ကြောင်းတက်ထိုးတာ”ဟု ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် PDF တပ်ပေါင်းစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာများသို့ စစ်တပ်က နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၁၇ ရက်မှ ၁၉ရက်အထိ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ၃၀ ဦးခန့် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်စစ်ရေးတင်းမာခဲ့သည့် သုံးရက်တာအတွင်း စစ်ကောင်စီတပ်က မြယာချောင်းကျေးရွာမှ (၂၅)နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘန်လေရွာမှ အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် လက်နက်ကြီးဆမှန်၍ အရေးပေါ်ကုသမှုခံယူထားရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော (၁၂၀) မမ လက်နက်ကြီးကျည်များသည် ဘန်လောရွာအနီး ရေပေါ်ရွာဘုရားကုန်းသို့ကျရောက်သဖြင့် ဘုရားရင်ပြင်တော်ထိခိုက်ပျက်စီးသည့်အပြင် စေတီတော်တွင်လည်း လက်နက်ကြီးဆများ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် PDF ပူးပေါင်းတပ်များ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုကြောင့် အထိနာပြီး ယမန်နေ့(ဇွန် ၁၉)ညနေပိုင်းတွင်မှ ၎င်းတို့၏ အထိုင်တပ် ခမရ(၅၆၁)သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။