Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထို တပ်မ(၄၄)ဌာနချုပ်ကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

KNLA ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် ကျုံအိတ်တံတားအနီးစစ်ကောင်စီ ကင်းပုန်းနှင့် ဘီးလင်းအခြေစိုက် စစ်ကောင်စီ အမြောက်တပ်တို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

(KNU တပ်မဟာ (၁)နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ပအိုဝ်းတပ် PPDF-KD ၏ ဒရုန်းတပ်မှရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF)
(KNU တပ်မဟာ (၁)နယ်မြေ၌ တိုက်ပွဲဝင်နေသည့် ပအိုဝ်းတပ် PPDF-KD ၏ ဒရုန်းတပ်မှရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်နှင့် လက်နက်ကြီးအထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၇ရက်) နေ့လယ်၂နာရီခန့်တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃နာရီခန့်တွင် နောက်ထပ် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA၊ PDF၊ TPDF၊ KRF၊ PPDF-KD၊ ကျိုက်ထို(ပကဖ)၊ Yangon Eagle Force ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ငှက်ပျောတောရွာနှင့်အနီးတဝိုက် ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူထိခိုက်မှုမရှိကြောင်း KNLA တပ်မှူးက ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ် ကျုံအိတ်တံတားအနီးစစ်ကောင်စီ ကင်းပုန်းနှင့် ဘီးလင်းအခြေစိုက် စစ်ကောင်စီ အမြောက်တပ်တို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကျုံအိတ်တံတား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးသည်ဟု KNLA တပ်မှူးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။

အဆိုပါ ကျုံအိတ်တံတားကို KNLA ပူးပေါင်းတပ်က ဇွန်လ ကုန်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း စစ်ကောင်စီတပ်က တံတား လာစစ်ဆေးရာ KNLA ပူးပေါင်းတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး