Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ ‎စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

‎သြဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

‎KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် (ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်၊ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၉ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။

‎စစ်တပ်ရဲ့ အမှတ် (၃၁၀) အမြောက်တပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး ၁၂၂ မမ လက်နက်ကြီးကျည် (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ ဇီးပြောင်းရွာ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်တိုမှာ ကျရောက်ပေါက်ကွဲခဲ့ တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

‎လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘောလုံးကစားနေသူများနဲ့ လာရောက်ကြည့်ရှုနေသူများအနက် ၅နှစ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး အခြား (၁၁)ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ဟု အသိပေးပါတယ်။

‎ဒဏ်ရာရရှိသူ (၁၁)ဦးအနက် (၆)ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ပါတယ်။

‎စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာ​ကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နိုင်ငံတကာအစိုးရတွေအနေနဲ့ မလေးရှားကုမ္ပဏီတွေကို အရေးယူဖို့တိုက်တွန်း

သတင်း

ရခိုင်ပြည်နယ်မှာ လူအများအပြား သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ စီစဉ်နေတဲ့ အမေရိကန် အစိုးရကို အမေရိကန်အောက်လွှတ်တော်အမတ်တစ်ဦးက ဝေဖန်သွားခဲ့ပါတယ်။

သတင်း

ကျူးလွန်ခဲ့တဲ့စစ်ကြောင်း နွားထိုးကြီးမြို့တွင်းပြန်ဝင်သွား

Facebook