Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ ‎စစ်တပ် လက်နက်ကြီးကြောင့် ကလေးငယ် ၁ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် ပစ်ခတ်မှုကြောင့် ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

‎သြဂုတ် ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

‎KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ သထုံခရိုင် (ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်၊ ပလိုခီး (ဇီးပြောင်း) ကျေးရွာအုပ်စု၊ ဇီးပြောင်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၉ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။

‎စစ်တပ်ရဲ့ အမှတ် (၃၁၀) အမြောက်တပ်က အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး ၁၂၂ မမ လက်နက်ကြီးကျည် (၂)လုံးနဲ့ ပစ်ခတ်ခဲ့ရာ ဇီးပြောင်းရွာ ဘောလုံးကွင်းအနီးနဲ့ ကျေးရွာတောင်ဘက်တိုမှာ ကျရောက်ပေါက်ကွဲခဲ့ တာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

‎လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဘောလုံးကစားနေသူများနဲ့ လာရောက်ကြည့်ရှုနေသူများအနက် ၅နှစ် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး အခြား (၁၁)ဦးမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ဟု အသိပေးပါတယ်။

‎ဒဏ်ရာရရှိသူ (၁၁)ဦးအနက် (၆)ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ပါတယ်။

‎စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook