Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်စင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ဟု KNLA တပ်မှူးပြော

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

(ဇွန်လ၂၉ရက်က ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA ပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဇွန်လ၂၉ရက်က ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA ပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ဘီးလင်း – ကျိုက်ထိုကြားရှိ သံတံတားစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်စင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)နယ်မြေခံတပ်မှူးတစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၆ရက်) မွန်းလွဲ ၃နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပုံတော့မရသေးဘူး။ တံတားတစ်ခုလုံးတော့ ပျက်ကျသွားတယ်”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

KNLA ပူးပေါင်းတပ်အနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး တံတားများကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ နတ်သံကွင်းတံတား၊ ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်လမ်းမပေါ်ရှိ ကျုံအိတ်တံတားကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့မွန်းလွဲ ၂နာရီခန့်ကလည်း ကျိုက်ထိုနှင့် ဘီးလင်းအစပ်ရှိ သံတံတား စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ၆ ကြိမ်တိုက်ခိုက်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

သတင်း

စစ်ကောင်စီတပ်သားများအလင်းဝင်ပါကအသက်ရှင်သန်ခွင့်ကိုရွေးချယ်စရာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံအလင်းဝင်လာသည့်အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်ခဲ့​သော စစ်သားသစ် တပ်သား မောင်ဖြိုးက ပြောသည်။

နိုင်ငံတကာ

ရုရှားနိုင်ငံနဲ့ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားကြီးကို ယူကရိန်းက ရေအောက်မှာ ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို တော်လှန်ရေးပူးပေါင်းတပ်က မေလ နောက်ဆုံးပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။