Connect with us

Hi, what are you looking for?

သတင်း

KNUနယ်မြေအတွင်း ဇွန်လတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးဟု KNLA အသိပေး

KNU လက်အောက်ခံ တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပြီး ယင်းထိခိုက် ကျဆုံး မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေးဌာနအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၄၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNLA ဌာနချုပ်က ယမန်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၃ ဇွန်လ တစ်လအတွင်း ကြေးနန်းလက်ခံရရှိမှု စာရင်းအရ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုနှင့် KNLAတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။

ဇွန်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄၃ဦး သေဆုံးပြီး ၂၃၇ဦးဒဏ်ရာရခဲ့ကြောင်း KNLAက ထုတ်ပြန်သည်။

KNU လက်အောက်ခံ တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပြီး ယင်းထိခိုက် ကျဆုံး မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNLA၏ ထုတ်ပြန်ချက်အရ ယခုနှစ်ဝက်အတွင်း တိုက်ပွဲပေါင်း နှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၃၀၀ကျော် သေဆုံးခဲ့သည် ဟု ဆိုသည်။ KNU ဗဟို သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ယခုနှစ်ဝက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၅၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၅ဦးနှင့် အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀၀ ကျော်သေဆုံးခဲ့သည်ဟုဆိုသည်။ KNU အုပ်ချုပ်ရေးပိုင်းနှင့် KNLA စစ်ရေးပိုင်းတို့၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်များသေဆုံးမှု စာရင်း အနည်းငယ် ကွဲလွဲမှုရှိနေသော်လည်း KNLAက ၎င်းတို့ ကြေးနည်းရရှိသည့် အခြေအနေကိုသာ ထုတ်ပြန်ခြင်းဖြစ်၍ အရေအတွက် အနည်းငယ် လျော့နည်းနေခြင်းဖြစ်သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။