Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့ပေါ် အုပ်ချုပ်ရေးမှူးများကို ချေမှုန်းမည်ဟု PDFက အုပ်ကြီးတစ်ဦး၏​နေအိမ်ဗုံးခွဲပြီး သတိပေး

ရေစကြို PDF အနေဖြင့် အောက်တိုဘာ ၁ရက်ကလည်း ရေစကြိုမြို့နယ် သာစည်အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ဆန်းလင်းဆိုသူကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မကွေးတိုင်း ရေစကြိုမြို့ အမှတ်(၈) အုပ်ချုပ်ရေးမှူး​နေအိမ်အား အောက်တိုဘာ ၂ရက်က ဗုံးတစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုရှိမရှိနှင့် ထိခိုက်ပျက်စီးမှု အခြေအနေများကိုမှု ဖော်ပြမထားပေ။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွားကြပြီး တပ်တွင်း၌ တိမ်းရှောင်နေသော အုပ်ချုပ်ရေးမှူးတစ်ချို့နှင့် မြို့ပေါ် ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး များသာ ကျန်ရှိတော့ကြောင်း၊ နုတ်ထွက်သွားသူများအား ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး မျက်နှာပြောင်တိုက် ဆက်လုပ်နေသည့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အပြင်း အထန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရေစကြို PDFက အသိပေးထားသည်။

ရေစကြို PDF အနေဖြင့် အောက်တိုဘာ ၁ရက်ကလည်း ရေစကြိုမြို့နယ် သာစည်အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ဆန်းလင်းဆိုသူကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆန်းလင်းသည် ယခင်အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားချိန်တွင် မည်သူ့မှ မကြောက်အုပ်ချုပ်ရေးမှူး တာဝန်ယူမည်ဟု အသံချဲ့စက်ဖြင့် ကြေညာခဲ့သူဖြစ်သည်ဟု ဆိုသည်။

ရေစကြို PDF အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် သတိပေးခဲ့ပြီး အောက်တိုဘာ ၁ရက်တွင် ထပ်မံ သတိပေးခဲ့သည်။

လိုက်နာမှုမရှိပါက နောက်ထပ် သတိပေးတော့မည်မဟုတ်ဘဲ စစ်ကောင်စီကို ချေမှုန်းသကဲ့သို့ တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook