Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်မှ အုပ်ကြီးတစ်ဦးအသတ်ခံရ၊ Mytel တာဝါတိုင်ကိုလည်း မိုင်းခွဲဖျက်ဆီး

စစ်တပ်နှင့်ရဲ၊ သတင်းပေး၊ ပျူစောထီး၊တရားမဝင်အကြမ်း ဖက်စစ်ကောင်စီအားရပ်တည်နိုင်ရန်ကူညီနေသောအရာမှန်သမျှကို ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ချေမှုန်းရန် ‌ “ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း ” အဖွဲ့ (ဝက်လက် )အား မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ရုံးပင်ကုန်းကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂ ရက်) ည ၁၁ နာရီဝန်းကျင်က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဝက်လက်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့နှင့် ဝက်လက်လျှပ်စီးအဖွဲ့တို့ ပူးပေါင်း ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

ထိုအပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန်တွင် mytelတိုင်ရှိရာ နေရာများတွင် ကင်းပုန်းများချထားလေ့ရှိနေသည့်ကြားက ယနေ့ နံနက် ၁ နာရီဝန်းကျင်က ဝက်လက်မြို့နယ်၊ရေသောက်ကန်ရွာ အရှေ့ဘက်ရှိMytelတိုင်အား ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့ကသွား
ရောက် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်နှင့်ရဲ၊ သတင်းပေး၊ ပျူစောထီး၊တရားမဝင်အကြမ်း ဖက်စစ်ကောင်စီအားရပ်တည်နိုင်ရန်ကူညီနေသောအရာမှန်သမျှကို ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ချေမှုန်းရန် ‌ “ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း ” အဖွဲ့ (ဝက်လက် )အား မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဖွဲ့စည်းပြီးချိန်မှယနေ့အထိ သတင်းပေး၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှုးအပါအဝင် ၆ ဦး သုတ်သင်ခဲ့ပြီး မိုင်တဲတာဝါတိုင်၇ တိုင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။