Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်မှ အုပ်ကြီးတစ်ဦးအသတ်ခံရ၊ Mytel တာဝါတိုင်ကိုလည်း မိုင်းခွဲဖျက်ဆီး

စစ်တပ်နှင့်ရဲ၊ သတင်းပေး၊ ပျူစောထီး၊တရားမဝင်အကြမ်း ဖက်စစ်ကောင်စီအားရပ်တည်နိုင်ရန်ကူညီနေသောအရာမှန်သမျှကို ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ချေမှုန်းရန် ‌ “ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း ” အဖွဲ့ (ဝက်လက် )အား မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ရုံးပင်ကုန်းကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂ ရက်) ည ၁၁ နာရီဝန်းကျင်က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဝက်လက်အခြေစိုက် ဖောင်းဒိုင်းဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့နှင့် ဝက်လက်လျှပ်စီးအဖွဲ့တို့ ပူးပေါင်း ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုအပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန်တွင် mytelတိုင်ရှိရာ နေရာများတွင် ကင်းပုန်းများချထားလေ့ရှိနေသည့်ကြားက ယနေ့ နံနက် ၁ နာရီဝန်းကျင်က ဝက်လက်မြို့နယ်၊ရေသောက်ကန်ရွာ အရှေ့ဘက်ရှိMytelတိုင်အား ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့ကသွား
ရောက် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်နှင့်ရဲ၊ သတင်းပေး၊ ပျူစောထီး၊တရားမဝင်အကြမ်း ဖက်စစ်ကောင်စီအားရပ်တည်နိုင်ရန်ကူညီနေသောအရာမှန်သမျှကို ပြောက်ကြားစနစ်ဖြင့် တိုက်ခိုက်ချေမှုန်းရန် ‌ “ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း ” အဖွဲ့ (ဝက်လက် )အား မေလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပြီးချိန်မှယနေ့အထိ သတင်းပေး၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှုးအပါအဝင် ၆ ဦး သုတ်သင်ခဲ့ပြီး မိုင်တဲတာဝါတိုင်၇ တိုင် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။