Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ကလေးတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

▪︎ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ ၁၉ ရက်နေ့) နံနက်ပိုင်းက ရေဦးမြို့တွင် အထိုင်ချတပ်စွဲထားသော ခမရ ၇၀၂ ၇၀၈ ပူးပေါင်းစစ်ကြောင်းမှ အင်အား ၁၀၀ကျော်သည် ရေဦးနယ်တောင်ခြမ်းရှိ ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

ထိုစစ်ကြောင်းအတွက် ရေဦးတိုင်းရင်းဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်က ၁၂၀မမ လက်နက်ကြီး၂ချက်ပစ်ကူပေးခဲ့ရာ ခင်ဦးနယ်၊ သက်ပေးရွာနှင့် ဒီပဲယင်းနယ် ညောင်လှရွာဘက် ကျရောက်ပြီး လူကြီး ၂ ဦး၊ ရဲဘော်၂ဦးနှင့် ၅ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

သို့သော် ကလေးငယ်မှာ ရရှိထားသောဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

“တစ်လုံးက ခင်ဦးအနောက်ခြမ်း သက်ပေးရွာမှာကျတယ်။ လူကြီး ၂ဦး၅နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့လို့ ဆေးကုသွားရင်း လမ်းမှာ ၅နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ရတယ်။ လူကြီး၂ဦးကတော့ ဆေးကုသမှုခံယူနေတယ်။ နောက်တစ်လုံးက ဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာမှာ ကျတယ်။ရဲဘော်၂ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။မစိုးရိမ်ရဘူး။”ဟုကိုထူးခန့်ဇော်က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)
(ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Htoo Khant Zaw)

စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း၂၀ခန့်မှ စစ်ရှောင်ပြည်သူ ၅၀၀၀ကျော် ထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုစစ်ကြောင်းသည် ရေဦးနယ်တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်း မြို့နယ်ချုပ်စပ်ရှိ ပေါက်သာ၊ ဆည်ကြီး၊ ဇိန့်ဇွန်းရွာများတွင် တပ်စွဲထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။